ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုဖြင့် ယခုလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချမည်ဟုဆို

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုဖြင့် ယခုလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချမည်ဟုဆို

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၅၀၅(က) အပါအဝင်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအမှု ၉ မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ယခုနိုဝင်ဘာလကုန်ပိုင်းတွင် အပြီးသတ် အမိန့်ချသွားမည်ဖြစ်ကြောင်း ၄င်း၏မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"ပထမဆုံး အမှုစဖွင့်တာက ၅၀၅ (က) နဲ့ပဲ။ ‌နောက်တော့ အဂတိ‌ပေါ့။ အခု ထပ်တိုးဆိုပြီး အဂတိ ၈ မှု နဲ့ ထပ်ဖွင့်ထားတယ်။ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် အမိန့်ချမှာဆိုတော့ လကုန်လောက် ဖြစ်မယ်ထင်တယ်"ဟု ၄င်းကမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောဆိုသည်။

လက်ရှိတွင် ကျိုက်မရောအကျဉ်းထောင်၌ အထူးတရားရုံး ဖွင့်လှစ်ကာ စစ်ဆေးနေကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အာဏာရှင် ဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများကို ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည့်ဆိုသော စွဲချက် ဖြင့် ဒေါက်တာအေးဇံကို နစကကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) အရ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေစဉ် ဧပြီလအတွင်း လုပ်ပိုင်ခွင့် အကြောင်းပြုကာ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့သည်ဟူသော စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံ အမှုဖွင့်ခဲ့သည်။

လက်ရှိတွင် ဒေါက်တာအေးဇံကို ထပ်တိုး အဂတိမှု ၈ မှု ထပ်မံ ဖွင့်လှစ်ခဲ့ခြင်းသောကြောင့် အဂတိမှု ၉ မှု ထိ  ဖြစ်လာခဲ့သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်ကိုလည်း အဂတိမှု ၅ မှုအတွက်  တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်နှုန်းဖြင့် ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။

အလားတူ တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် နှစ် နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြငိ့ ထောင်ဒဏ် နှစ် နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...