ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုဖြင့် ယခုလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချမည်ဟုဆို

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုဖြင့် ယခုလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချမည်ဟုဆို

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၅၀၅(က) အပါအဝင်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအမှု ၉ မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ယခုနိုဝင်ဘာလကုန်ပိုင်းတွင် အပြီးသတ် အမိန့်ချသွားမည်ဖြစ်ကြောင်း ၄င်း၏မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"ပထမဆုံး အမှုစဖွင့်တာက ၅၀၅ (က) နဲ့ပဲ။ ‌နောက်တော့ အဂတိ‌ပေါ့။ အခု ထပ်တိုးဆိုပြီး အဂတိ ၈ မှု နဲ့ ထပ်ဖွင့်ထားတယ်။ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် အမိန့်ချမှာဆိုတော့ လကုန်လောက် ဖြစ်မယ်ထင်တယ်"ဟု ၄င်းကမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောဆိုသည်။

လက်ရှိတွင် ကျိုက်မရောအကျဉ်းထောင်၌ အထူးတရားရုံး ဖွင့်လှစ်ကာ စစ်ဆေးနေကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အာဏာရှင် ဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများကို ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည့်ဆိုသော စွဲချက် ဖြင့် ဒေါက်တာအေးဇံကို နစကကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) အရ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေစဉ် ဧပြီလအတွင်း လုပ်ပိုင်ခွင့် အကြောင်းပြုကာ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့သည်ဟူသော စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံ အမှုဖွင့်ခဲ့သည်။

လက်ရှိတွင် ဒေါက်တာအေးဇံကို ထပ်တိုး အဂတိမှု ၈ မှု ထပ်မံ ဖွင့်လှစ်ခဲ့ခြင်းသောကြောင့် အဂတိမှု ၉ မှု ထိ  ဖြစ်လာခဲ့သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်ကိုလည်း အဂတိမှု ၅ မှုအတွက်  တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်နှုန်းဖြင့် ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။

အလားတူ တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် နှစ် နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြငိ့ ထောင်ဒဏ် နှစ် နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...