ကသာမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ကသာမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု

စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ အတွင်း သို့ စစ်တပ်က စစ်လေယာဉ် နှစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား တစ်ဦး သေဆုံး ကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၇ ရက်နေ့ ည ၆ နာရီဝန်းကျင်ခန့်တွင် ဂျက်ဖိုက်တာတစ်စီးနှင့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ဂရကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ရွာက တိုက်ပွဲတော့မဖြစ်ဘူး ဒါပေမယ့် တိုက်ပွဲနယ်မြေနဲ့တော့ နီးတယ်။ ကျေးရွာတစ်ဝိုက်မှာ KIA နဲ့ PDF တွေလည်း မရှိပါဘူး။ ဘာကြောင့်လာပစ်တာလည်း သေချာတော့မသိဘူး။”

စစ်တပ်က ပစ်ခတ်သွားခဲ့သည့် လေကြောင်းဗုံးသီးများသည် ဝန်ဂရကျေးရွာ ဘုန်းကြီးကျောင်းကို ထိမှန်ပျက်စီး စေခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ လင်မယားနှစ်ဦးကိုလည်း ထိမှန်ခဲ့သည်။

အဆိုပါ ထိခိုက်မှုကြောင့် အမျိုးသားဖြစ်သူ ဦးမျိုးမြင့်ဦးမှာ ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီးဖြစ်သူမှာမူ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ထို့ပြင် ကျေးရွာအတွင်းရှိ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြသည့် ကျွဲနှင့်နွား နှစ်ကောင်လည်း ပွဲချင်းပြီး သေဆုံးခဲ့ ရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝန်ဂရကျေးရွာသည် ရွှေကူမြို့နယ်နှင့် ထိစပ်နေသည့် တည်နေရာတွင် တည်ရှိ သည်။

ကသာနှင့် ရွှေကူမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ဇွန်လကတည်းက စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...