စစ်အုပ်စုတိုက်ခိုက်မှုများကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စာသင်ကျောင်းတချို့ ယာယီပိတ်ထားရ

စစ်အုပ်စုတိုက်ခိုက်မှုများကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စာသင်ကျောင်းတချို့ ယာယီပိတ်ထားရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် လုံခြုံရေးအရ စာသင်ကျောင်းအချို့ကို ယာယီ ပိတ်ထားလိုက်ရကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။

ဩဂုတ်လ ၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ နေရာတစ်နေရာကို စစ်အုပ်စု တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ အလယ်တန်းစာသင်ကျောင်း၏ ကျောင်းဆောင်များ ထိမှန်ပျက်စီးခဲ့ရ သည်။

ကျောင်းဆရာမတစ်ဦးက “လေယာဉ် ၂ ခါ လာကြဲတယ်လေ။ ကလေးတွေ ကျောင်းဆင်းပြီး။ ပြီးတော့ ၇ နာရီ လောက်မှာ လက်နက်ကြီး တခါကျသေးတယ်။ အနီးအနားက ပတ်ဝန်းကျင်မှာပေါ့နော်။ ကျောင်းတွေ ပိတ်လိုက် ရတယ်” ဟု ပြောသည်။

ထို့ပြင် ကျေးရွာများနှင့် စစ်ရှောင်စခန်းများအတွင်းသို့လည်း စစ်အုပ်စုတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုများ ရှိနေခြင်းကြောင့် လုံခြုံရေးအတွက် အထူးစိုးရိမ်ရသဖြင့် စာသင်ကျောင်း များကို ယာယီပိတ်ထားရခြင်းဖြစ်သည်။

အဆိုပါ ကျောင်းဆရာမက “ဘာဖြစ်လို့လည်းဆိုရင် ကျမတို့ ဒီအနီးအနားဆိုရင် စစ်ရှောင်အိမ်တွေ များတယ် လေ။ ကလေးတွေအတွက် စိုးရိမ်ရတယ်။ ဘယ်နှစ်ရက်ပိတ်လဲဆိုတာကိုတော့ အတိအကျမပြောနိုင်ဘူး။ အခြေ အနေ နည်းနည်းပြန် ငြိမ်ရင်တော့ ပြန်တက်မယ်။ လက်ရှိက အခြေအနေအရ ကျောင်းတွေ ပိတ်လိုက်ရတာ” ဟု ဆက်ပြောသည်။

ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်ခံခဲ့ရသည့် အလယ်တန်း စာသင်ကျောင်း၏ အနီးအနားရှိ အခြားစာသင် ကျောင်း ငါးကျောင်းကိုလည်း လုံခြုံရေးအခြေအနေကြောင့် ယာယီပိတ်ထားရဆဲဖြစ်သည်။

ယခုကဲ့သို့ ဩဂုတ်လ ပထမပတ်အတွင်း ကရင်နီပြည်တွင်းရှိ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များအတွင်းသို့ စစ်အုပ်စုတပ်က အရပ်သားများ နေထိုင်ရာဒေသများဘက်သို့ လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းသည်။

ထို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံးရခြင်းအပြင် နေအိမ်များနှင့် စာသင်ကျောင်းဆောင်များပါ ပျက်စီး ဆုံးရှုံးရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဓာတ်ပုံ - ကန္တာရဝတီတိုင်း (မ်) 

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...