မီဇိုရမ်ပြည်နယ်တွင် အမျိုးသားပြည့်တန်ဆာ ၅၀၀ မှ ၁၀၀၀ ကြားရှိဟုဆို

မီဇိုရမ်ပြည်နယ်တွင် အမျိုးသားပြည့်တန်ဆာ ၅၀၀ မှ ၁၀၀၀ ကြားရှိဟုဆို

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အမျိုးသမီးပြည့်တန်ဆာသာမက အမျိုးသားပြည့်တန်ဆာအရေအတွက် အယောက် ၅၀၀ နှင့် ၁၀၀၀ ကြားရှိနေကြောင်း မီဇိုရမ်အခြေစိုက်သတင်းဌာန The Zozam Times က ဖော်ပြသည်။

အဆိုပါစစ်တမ်းကို MSACS မှ ပြုစုထားသည့် စစ်တမ်းဖြစ်ပြီး မီဇိုရမ်တစ်ပြည်နယ်လုံးတွင် အမျိုးသမီး ပြည့်တန်ဆာ၊ အမျိုးသားပြည့်တန်ဆာအပြင် ပြည့်တန်ဆာလုပ်ငန်းမဟုတ်ဘဲ လိင်တူဆက်ဆံသည့် အမျိုးသားလည်း အများအပြား ရှိကြောင်း မှတ်တမ်းတွင် ပါရှိသည်။

ထိုသို့ လိင်တူဆက်ဆံသည့် အမျိုးသားအရေအတွက် မီဇိုရမ်ပြည်နယ်မြို့တော်ဖြစ်သည့် Aizawl နှင့် Lunglei တွင် ပိုများကြောင်း ဖော်ပြထားသည်။

MSACS အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက “တချို့က လုပ်ငန်းကြီးကြီး လုပ်တဲ့သူတွေလည်း ရှိကြတယ်၊ မူးယစ်ဆေးဝါးကြောင့်လို့တော့ ပြောလို့ မရဘူး၊ တော်တော်များများကတော့ အရက်သောက်ကြတယ်၊ ကျောင်းသားတွေမှာ အများအပြား ဖြစ်တယ်၊ ဒီလိုနေတဲ့သူတွေထဲ အခြောက်တွေတော့ မပါဘူး၊ (Men having sex with Men) သုံးတဲ့သူတွေထဲမှာ တချို့တွေကတော့ မိသားစုတွေကလည်း အသိအမှတ်ပြုပေးတဲ့သူတွေ ရှိတယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုသည့် ပြည်နယ် မဟုတ်ပေ။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...