ကလေးမြို့၌ အုပ်ချုပ်ရေးမှူးဟောင်း ဓားထိုးခံရမှု တရားခံနှင့် အမှုမဆိုင်သည့် သားဖြစ်သူပါ ဖမ်းဆီးခံရ

ကလေးမြို့၌ အုပ်ချုပ်ရေးမှူးဟောင်း ဓားထိုးခံရမှု တရားခံနှင့် အမှုမဆိုင်သည့် သားဖြစ်သူပါ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့် မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုင်းမောင်ကြည်ကို ဓားဖြင့်ထိုးခဲ့သူ တရားခံအပြင် မသက်ဆိုင်သည့် သားဖြစ်သူပါ ကလေးမြို့မရဲစခန်းတွင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းတွင် မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုင်းမောင်ကြည်သည် ဓားထိုးခဲ့သူ၏ နေအိမ်သို့ ကွမ်းယာ သွားရောက်တောင်းခဲ့ခြင်းဖြစ်သည်။

ထိုစဉ် တရားခံ၏ သားဖြစ်သူက မိမိတို့အိမ်၌ ကွမ်းယာမရှိဘဲ အဒေါ်(အရီး) ဖြစ်သူ၏ အိမ်တွင်ရှိကြောင်း ပြောဆိုကာ သွားရောက်ယူပေးစဉ် အပြန်အလှန် ပြဿနာစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အပြီးတွင် ဦးစိုင်းမောင်ကြည်သည် ၎င်း၏ နေအိမ်သို့ ပြန်ပြေးကာ ခြံတံခါးနှင့် အိမ်တံခါးများ ပိတ်၍ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ကလေးမြို့ဒေသခံ တစ်ဦးက “ဓားထိုးခံရတဲ့ အုပ်ကြီးအမျိုးသမီးက မကျေနပ်လို့ တရားခံရဲ့သားဖြစ်တဲ့ (ကွမ်းယာသွားယူပေးသူ) ကို မတရား ပုဒ်မမျိုးစုံတပ်ပြီး ရဲစခန်းမှာ တိုင်တန်းခဲ့လို့ မြို့မရဲစခန်းက ဖမ်းဆီးထိန်း သိမ်းတာ ခံရတာဖြစ်တယ်။ အဲဒီကိစ္စကို ဖခင်ဖြစ်သူက ကြားသိလို့ မတရားခံရတဲ့ အမှုနဲ့ မပတ်သက်တဲ့ သူ့သားအတွက် မြို့မရဲစခန်းကို ကိုယ်တိုင်သွားပြီး ဖြေရှင်းခဲ့ပေမဲ့ အမှုနဲ့ လုံးဝမသက်ဆိုင်တဲ့ သားဖြစ်သူကို မလွှတ်ပေးတဲ့အပြင် သားအဖနှစ်ယောက်လုံးကို စိုင်းမောင်ကြည်နဲ့ သူ့မယားက အငြိုးတွေ၊ အာဏာ၊ ငွေတွေသုံးပြီး ဖမ်းဆီးခိုင်းထားတယ်” ဟု Chin World သို့ ပြောသည်။

ဓားဖြင့် ထိုးခံခဲ့ရသည့် ဦးစိုင်းမောင်ကြည်သည် ဦးခေါင်းတွင် ၅ ချက်ခန့် ချုပ်ခဲ့ရသလို လက်တွင်လည်း အနည်း ငယ် ထိရှဒဏ်ရာများ ရရှိခဲ့ကြောင်း နီးစပ်သည့် ဒေသခံများက ပြောသည်။

ဦးစိုင်းမောင်ကြည်သည် မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ယခုနှစ်အတွင်း ၆ လခန့် တာဝန်ထမ်းဆောင် ခဲ့ပြီး လက်ရှိတွင် အနားယူထားပြီး ဖြစ်သော်လည်း မြို့အတွင်း လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိက ဦးဆောင်နေသူတစ်ဦး ဖြစ်ကြောင်း ကလေးမြို့ခံများက ဆိုသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...