တီးတိန်တွင် ၆ နှစ်စာ မီတာခ တစ်ပြိုင်နက်တည်း တောင်း၍ ပြည်သူများ အခက်အခဲဖြစ်နေ

တီးတိန်တွင် ၆ နှစ်စာ မီတာခ တစ်ပြိုင်နက်တည်း တောင်း၍ ပြည်သူများ အခက်အခဲဖြစ်နေ
ဓါတ်ပုံ - Crd
ဓါတ်ပုံ - Crd

ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့် မကောက်ခံခဲ့သည့် လျှပ်စစ်မီတာခများကို ပြီးခဲ့သည့် ဇွန်လမှစ၍ ပြန်လည်ကောက်ခံနေသောကြောင့် ဒေသခံပြည်သူများ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

အဆိုပါ ၆ နှစ်တာ ကာလအတွင်း မပေးဆောင်ခဲ့ရသည့် မီတာခများကိုပါ တစ်ပြိုင်နက်တည်း ပြန်လည်ပေး ဆောင်ခိုင်းနေခြင်း ဖြစ်သည်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ လျှပ်စစ်မီတာခ ပြန်လည်ကောက်ခံရာတွင် လက်ရှိ သုံးစွဲထားသည့် မီတာခများအပြင် အာဏာသိမ်း ပြီးနောက်ပိုင်း မကောက်ခံခဲ့သည့် ၆ နှစ်တာ ကာလအတွင်း မီတာခများကိုပါ ပြန်လည်တွက်ချက် ကောက်ခံနေခြင်း ဖြစ်သည်။

ထို့ကြောင့် အိမ်တစ်အိမ်အတွက် ပေးဆောင်ရသည့် မီတာခ ပမာဏသည် အချို့နေအိမ်များတွင် ကျပ်သိန်း ဂဏန်းအထက် ရှိနေကြောင်း ဒေသခံများက ပြောသည်။

တီးတိန်မြို့ဒေသခံတစ်ဦးက “အခု မီတာခကို ၆ နှစ်စာနဲ့ပေါင်းပြီး တချို့တွေ တောင်းနေပြီ။ လက်ရှိတော့ မီးတော့ ပုံမှန်ရတယ်။ အခုလို ၆ နှစ်စာကို တပြိုင်နက်တည်း ကောက်ခံတာဖြစ်လို့ စစ်ရှောင်ရာကနေ ပြန်လာနေတဲ့ ဒေသခံတွေအတွက်တော့ အထူးသဖြင့် အခက်ခဲရှိမှာ။ တစ်သိန်းကျော်တဲ့ဟာလည်း များတယ်” ဟု ပြောသည်။

အဆိုပါ မီတာခများကို တစ်ကြိမ်တည်း ပြန်လည်ပေးဆောင်ရခြင်းသည် ငွေကြေးအဆင်ပြေသူများအတွက် အခက်အခဲမရှိနိုင်သော်လည်း စစ်ဘေးရှောင်နေရသည့် ဒေသခံများအတွက်မူ ငွေကြေးဝန်ထုပ်ဝန်ပိုး ကြီးမားစွာ ဖြစ်ပေါ်စေလျက်ရှိသည်။

ထို့ပြင် ဒေသခံအချို့သည် စစ်ရေးအခြေအနေများကြောင့် နေအိမ်တွင် ပုံမှန်မနေထိုင်နိုင်ဘဲ စစ်ဘေးရှောင်နေခဲ့ ရသဖြင့် လျှပ်စစ်မီး အသုံးပြုမှု ပုံမှန်ထက် နည်းပါးခဲ့သော်လည်း လက်ရှိတွင် မသုံးဖြစ်ခဲ့သည့် ကာလများ အတွက်ပါ မီတာခ ပြန်ပေးနေရသဖြင့် ပိုမိုအခက်တွေ့နေကြရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်တာ ကာလအတွင်း တီးတိန်ဒေသခံများသည် လျှပ်စစ်မီးကို ပုံမှန် မရရှိဘဲ နှစ်ရက်ခြားတစ်ကြိမ်ခန့်သာ သုံးစွဲခဲ့ရသည်။

တီးတိန်မြို့သည် မဟာဓာတ်အားလိုင်း မရရှိသေးသော်လည်း မြို့အနီးရှိ ဇလွီးချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်၍ လျှပ်စစ်မီး အသုံးပြုနေကြခြင်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...