မီဇိုရမ်ပြည်နယ်တွင် အမျိုးသားပြည့်တန်ဆာ ၅၀၀ မှ ၁၀၀၀ ကြားရှိဟုဆို

မီဇိုရမ်ပြည်နယ်တွင် အမျိုးသားပြည့်တန်ဆာ ၅၀၀ မှ ၁၀၀၀ ကြားရှိဟုဆို

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အမျိုးသမီးပြည့်တန်ဆာသာမက အမျိုးသားပြည့်တန်ဆာအရေအတွက် အယောက် ၅၀၀ နှင့် ၁၀၀၀ ကြားရှိနေကြောင်း မီဇိုရမ်အခြေစိုက်သတင်းဌာန The Zozam Times က ဖော်ပြသည်။

အဆိုပါစစ်တမ်းကို MSACS မှ ပြုစုထားသည့် စစ်တမ်းဖြစ်ပြီး မီဇိုရမ်တစ်ပြည်နယ်လုံးတွင် အမျိုးသမီး ပြည့်တန်ဆာ၊ အမျိုးသားပြည့်တန်ဆာအပြင် ပြည့်တန်ဆာလုပ်ငန်းမဟုတ်ဘဲ လိင်တူဆက်ဆံသည့် အမျိုးသားလည်း အများအပြား ရှိကြောင်း မှတ်တမ်းတွင် ပါရှိသည်။

ထိုသို့ လိင်တူဆက်ဆံသည့် အမျိုးသားအရေအတွက် မီဇိုရမ်ပြည်နယ်မြို့တော်ဖြစ်သည့် Aizawl နှင့် Lunglei တွင် ပိုများကြောင်း ဖော်ပြထားသည်။

MSACS အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက “တချို့က လုပ်ငန်းကြီးကြီး လုပ်တဲ့သူတွေလည်း ရှိကြတယ်၊ မူးယစ်ဆေးဝါးကြောင့်လို့တော့ ပြောလို့ မရဘူး၊ တော်တော်များများကတော့ အရက်သောက်ကြတယ်၊ ကျောင်းသားတွေမှာ အများအပြား ဖြစ်တယ်၊ ဒီလိုနေတဲ့သူတွေထဲ အခြောက်တွေတော့ မပါဘူး၊ (Men having sex with Men) သုံးတဲ့သူတွေထဲမှာ တချို့တွေကတော့ မိသားစုတွေကလည်း အသိအမှတ်ပြုပေးတဲ့သူတွေ ရှိတယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုသည့် ပြည်နယ် မဟုတ်ပေ။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...