လိုင်လင်းပီမြို့မှာ မြို့အုပ်ချုပ်ရေး အကောင်အထည်ဖော်တော့မယ်လို့ MDF ဆို

လိုင်လင်းပီမြို့မှာ မြို့အုပ်ချုပ်ရေး အကောင်အထည်ဖော်တော့မယ်လို့ MDF ဆို

ချင်းပြည်နယ် လိုင်လင်းပီမြို့ကို ဇူလိုင်လ ၁၆ ရက်နေ့က အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ပြီး မြို့ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ Maraland Defense Forcc – MDF က ဇူလိုင် ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

Maraland Defense Forcc – MDF  အနေနဲ့ မဟာမိတ် ချင်းညီနောင်၊ အာရက္ခတပ်တော်တို့နဲ့အတူ မရာနယ်မြေအတွင်းက စစ်ကောင်စီကင်းစင်ရေး စခန်းသိမ်းတိုက်ပွဲတွေကို ဆင်နွဲခဲ့ပြီး လက်ရှိကာလတွင်လည်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေး မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွဲလျှက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် လိုင်းလင်းပီမြို့ရောက်ရှိလာခြင်းဟာ MTC/MDF ရဲ့ ဖိတ်ခေါ်မှုအရ မဟာမိတ်အနေဖြင့် လာရောက်ခြင်းဖြစ်ပြီး လိုင်လင်းပီမြို့ ထိန်းချုပ်ရေးနှင့်ပက်သက်ပြီး မည်သည့်ကိစ္စရပ်တွင်မဆို ပါဝင်ပက်သက်ခြင်းမရှိပဲ စစ်ရေးအကူအညီ ပေးရန်သက်သက် MTC/MDF နယ်မြေအတွင်း ရောက်ရှိခြင်းဖြစ်တယ်လို့်လည်း ထုတ်ပြန်ပါတယ်။

MTC/MDF အနေနဲ့ မရာပဠိညာဉ် အခန်း(၆)၊ ကြားကာလအုပ်ချုပ်ရေး၊ ပုဒ်မ (၄၃)ပါ ပြဌာန်းချက်နဲ့အညီ လိုင်လင်းပီမြို့က ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လိုင်လင်းပီမြို့စီမံအုပ်ချုပ်ရေးကော်မတီကို  အမြန်ဆုံးဖွဲ့စည်းပြီး မြို့အုပ်ချုပ်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...