လိုင်လင်းပီမြို့မှာ မြို့အုပ်ချုပ်ရေး အကောင်အထည်ဖော်တော့မယ်လို့ MDF ဆို

လိုင်လင်းပီမြို့မှာ မြို့အုပ်ချုပ်ရေး အကောင်အထည်ဖော်တော့မယ်လို့ MDF ဆို

ချင်းပြည်နယ် လိုင်လင်းပီမြို့ကို ဇူလိုင်လ ၁၆ ရက်နေ့က အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ပြီး မြို့ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ Maraland Defense Forcc – MDF က ဇူလိုင် ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

Maraland Defense Forcc – MDF  အနေနဲ့ မဟာမိတ် ချင်းညီနောင်၊ အာရက္ခတပ်တော်တို့နဲ့အတူ မရာနယ်မြေအတွင်းက စစ်ကောင်စီကင်းစင်ရေး စခန်းသိမ်းတိုက်ပွဲတွေကို ဆင်နွဲခဲ့ပြီး လက်ရှိကာလတွင်လည်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေး မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွဲလျှက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် လိုင်းလင်းပီမြို့ရောက်ရှိလာခြင်းဟာ MTC/MDF ရဲ့ ဖိတ်ခေါ်မှုအရ မဟာမိတ်အနေဖြင့် လာရောက်ခြင်းဖြစ်ပြီး လိုင်လင်းပီမြို့ ထိန်းချုပ်ရေးနှင့်ပက်သက်ပြီး မည်သည့်ကိစ္စရပ်တွင်မဆို ပါဝင်ပက်သက်ခြင်းမရှိပဲ စစ်ရေးအကူအညီ ပေးရန်သက်သက် MTC/MDF နယ်မြေအတွင်း ရောက်ရှိခြင်းဖြစ်တယ်လို့်လည်း ထုတ်ပြန်ပါတယ်။

MTC/MDF အနေနဲ့ မရာပဠိညာဉ် အခန်း(၆)၊ ကြားကာလအုပ်ချုပ်ရေး၊ ပုဒ်မ (၄၃)ပါ ပြဌာန်းချက်နဲ့အညီ လိုင်လင်းပီမြို့က ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လိုင်လင်းပီမြို့စီမံအုပ်ချုပ်ရေးကော်မတီကို  အမြန်ဆုံးဖွဲ့စည်းပြီး မြို့အုပ်ချုပ်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...