ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီ တပ်သား ၆ ဦးကို လက်နက်များနှင့်အတူ CDF ဖမ်းဆီးထားဟုဆို

ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီ တပ်သား ၆ ဦးကို လက်နက်များနှင့်အတူ CDF ဖမ်းဆီးထားဟုဆို

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် တာဝန်ကျသည့် စစ်ကောင်စီ တပ်သား ၆ ဦးကို လက်နက်များနှင့် အတူ ဖမ်ဆီးထားကြောင်း CAN နှင့် CDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

CDF  ရဲဘော် တစ်ဦးက “မနေ့က ဖမ်းထားတာဗျ၊ လက်နက်တွေရော၊ ဗုံးသီးတွေရော။ ကျနော်တို့လဲ ထုတ်ပြန်ထားပါတယ်”ဟု ပြောသည်။

စစ်ကောင်စီ တပ်သားများကို သေနတ် ၇ လက်၊ အီနာဂါဗုံးသီး (၈)လုံးတို့ဖြင့် ၎င်းတို့စခန်းချနေသည့် ထန်တလန်မြို့ပေါ်က CB ဘဏ် တွင် ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုအား ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

“သူတို့လူဖမ်းခံရလို့နေမှာပေါ့၊ မနက်အစောက လေယာဉ်နဲ့ ဗုံးလာကြဲသေးတယ်။ အထိအခိုက်တော့ မသိရသေးဘူး ”ဟု ထန်တလန် ဒေသခံတစ်ဦးက ဖုန်းဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ချင်းပြည်နယ်အတွင်း ထန်တလန်မြို့သည် စစ်ကောင်စီ၏ မီးရှို့မှုများကို စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အများဆုံးခံခဲ့ရကြောင်းနှင့် တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ကြည်းတပ်ဖြင့်မနိုင်၍ လေကြောင်းများဖြင့်ပါ စစ်ကောင်စီက တိုက်ခိုက်နေရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို CNA, CDF တပ်ဖွဲ့များက ပစ်ခတ်ခဲ့မှုများကြောင့်  ဟားခါးမြို့ စစ်ကောင်စီ စခန်း တစ်ခုသို့ ဆင်းသက်ခဲ့ရကြောင်း၊  ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ဟားခါးမြို့နယ်၊ သီမစ်အနီးတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီးကိုလည်း ပစ်ခတ်တိုက်ခဲ့ကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...