အဝတောင်တိုက်ပွဲတွင် စစ်အုပ်စုတပ် အလောင်းများချန်ကာ ဆုတ်ခွာသွားရ

အဝတောင်တိုက်ပွဲတွင် စစ်အုပ်စုတပ် အလောင်းများချန်ကာ ဆုတ်ခွာသွားရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက် ပွဲ၌ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းသည် အကျအဆုံးအများအပြားဖြင့် သေဆုံးသွားသည့် စစ်သား အလောင်းများကို ချန်ထားခဲ့ရပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ခုက “တိုက်ပွဲရပ်တန့်နေတဲ့အချိန်မှာ ရခိုင်မှာရေနစ်၊ ရေကြီးဖြစ်နေတာကို အခွင့် ကောင်းယူပြီး ဇူလိုင် ၁၁ ရက်နေ့က အကြမ်းဖက်စစ်တပ်က AA ထိန်းချုပ်နေရာသို့ ထိုးစစ်ဝင်လာတယ်။ ၁၁ ရက်နေ့ညမှာ တိုက်ပွဲစဖြစ်တယ်။ ၁၂ ရက်နေ့ ဆက်ဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်က အကျအဆုံး များ တယ်။ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေကို ချန်ထားပြီး စစ်ကြောင်းပြိုကွဲပြီး နောက်လန်သွားခဲ့တယ်” ဟု ပြောသည်။

စစ်တပ်သည် အဝတောင်ကျေးရွာတွင် တည်ဆောက်ထားသည့် စခန်းကို အခြေပြုပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နေရာများကို မိုးရွာသွန်းချိန်၌ အလစ်အငိုက် ဝင်ရောက် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

၎င်းသတင်းရင်းမြစ်က “ညအချိန် အလစ်ဝင်လို့ရမယ်ထင်လို့ ဝင်လာပုံရတယ်။ AA ဖက်က သူတို့လှုပ်ရှားမူကို မျက်ခြေမပြတ်စောင့်ကြည့်ထားတာပါ။ ဘယ်ရပါမလဲ။ အဝင်ရှိပြီး အသေကောင်တွေကို ချန်ထားလို့ ထွက် ပြေးနေရတယ်” ဟု ပြောသည်။

ထိုသို့ စစ်ကြောင်းပြိုကွဲပြီး ဆုတ်ခွာသွားပြီးနောက် အာရက္ခတပ်တော် (AA) က နယ်မြေရှင်းလင်းရေး ဆက် လက်လုပ်ဆောင်ရာ စစ်အုပ်စု တပ်သား အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

မြေပြင် စစ်ရေး သတင်းရင်းမြစ်က “လိုက်ရှင်းတော့ စစ်သားအလောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်း ရမိတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေကို တပ်တော်က လိုက်ရှင်းတော့ တိုက်ပွဲပြန်ဖြစ်တာတွေ ရှိနေသေး တယ်” ဟု ဆက်ပြောသည်။

အဝတောင်ဘက်မှ စစ်ကူလိုက်လာသော စစ်တပ်စစ်ကြောင်းနှင့် ပြိုကွဲသွားသော စစ်ကြောင်းတို့သည် အဝတောင်ကျေးရွာအနီးတွင် ပူးပေါင်းသွားပြီး ပြန်လည်ခုခံနေရာမှ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်း ဖြစ်သည်။

“နှစ်ဖက်တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ပြိုကွဲသွားတဲ့ စစ်ကြောင်းနဲ့ စစ်ကူစစ်ကြောင်း ပေါင်းကာ ပြန်လည် ခုခံနေလို့ တိုက်ပွဲပြန်ဖြစ်နေတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ရခိုင်ဒေသ၏ မိုးရာသီရာသီဥတု ဆိုးရွားမှုဒဏ်ကို စစ်တပ်၏ စစ်မှုထမ်းတပ်သားသစ်များမှာ ခံနိုင်ရည်နည်းပါး ပြီး၊ မိုးရေထဲတွင် ကြံ့ခိုင်မှုနှင့် လှုပ်ရှားနိုင်စွမ်းမှာ အာရက္ခတပ်တော် (AA) ကို လိုက်မမီသဖြင့် ယခုတိုက်ပွဲတွင် စစ်တပ်ဘက်က အသေအပျောက်နှင့် အထိအခိုက် များပြားနေရခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာ သူများက သုံးသပ်ကြသည်။

စစ်တပ်သည် ယခုကဲ့သို့ စစ်မှုထမ်း စစ်သားသစ်များ အကျအဆုံးများပြီး ထိုးစစ်အောင်မြင်မှု မရရှိဘဲ ဖြစ်နေ သော်လည်း ထိုးစစ်ကိုရပ်နားခြင်းမရှိဘဲ မကြာခဏ စစ်ကြောင်းထိုးရန် ကြိုးပမ်းလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...