ကလေးမြို့ရောက် ခမ်းပတ်စစ်ဘေးရှောင်များ ကျန်းမာရေးနှင့် စားဝတ်နေရေး ခက်ခဲနေ

ကလေးမြို့ရောက် ခမ်းပတ်စစ်ဘေးရှောင်များ ကျန်းမာရေးနှင့် စားဝတ်နေရေး ခက်ခဲနေ

စစ်ရေးပဋိပက္ခကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်နှင့် ကနန်ဒေသခံများ သည် ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာသူများပြားလာပြီး အကူအညီများ အရေးတကြီး လိုအပ်နေ ကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၇) ရက်မှစ၍ စစ်တပ်က ကလေး - တမူးလမ်းပိုင်းကို ထိုးစစ်ဆင်ခဲ့သဖြင့် ခမ်းပတ်မြို့ အပါ အဝင် အနီးအနားကျေးရွာ (၅၀) ခန့်မှ ပြည်သူများသည် တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

မိုးတွင်းကာလသို့ ရောက်ရှိလာသဖြင့် ရာသီဥတုအပြောင်းအလဲကြောင့် စစ်ဘေးရှောင်များအကြား ဖျားနာသူ များပြားလာပြီး အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသည်။

ခမ်းပတ်စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေး တာဝန်ရှိသူတစ်ဦးက “အခု စစ်ဘေး ရှောင်တွေက မိုးရာသီလည်းရောက်တော့ နေမကောင်းဖြစ်တဲ့သူ တော်တော်လေးကို များတယ်။ ကျနော် သိသ လောက်တောင်မှ ဆေးရုံတက်တဲ့သူတွေ များတယ်။ နောက်ပြီး ဆေးခန်းပြတဲ့သူတွေ ထားလိုက်ဦး၊ ပြည်သူ့ ဆေးရုံ၊ ဝယ်စလီတို့မှာ ဆေးရုံတက်တဲ့သူက ၁၀ ယောက်ကျော်တယ်။ ခမ်းပတ်က နည်းနည်းတောင်ပေါ် နဲ့နီးတော့ အေးတယ်။ ဒီကလေးမြို့ထက်တော့ ရာသီဥတုက အရမ်းကွာတယ်။ ရာသီဥတု မတည့်တာလည်း ရှိကောင်းရှိမယ်၊ ဆေးဝါးတွေ လိုတယ်” ဟု ပြောသည်။

ကော်မတီ၏ စာရင်းအရ ကလေးမြို့ပေါ်တွင် ခမ်းပတ်ဘက်မှ စစ်ဘေးရှောင် အိမ်ထောင်စု (၁၃၀) ခန့်နှင့် လူဦးရေ (၄၆၀) ဝန်းကျင်သာ စာရင်းရရှိထားသော်လည်း မြို့ပေါ်တွင် လက်တွေ့၌ စစ်ဘေးရှောင်ဦးရေ ပိုမိုများ ပြားနေသည်။

စစ်ဘေးရှောင်အများစုမှာ အသင်းတော်များ၊ ဆွေမျိုးများ၏အိမ်တွင် နေထိုင်ကြသကဲ့သို့ အိမ်ငှားရမ်း၍ နေထိုင် ကြသူများလည်းရှိသည်။

ကလေးမြို့ပေါ်တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အိမ်ငှားခ အဆမတန် မြင့်တက်နေခြင်းတို့ကြောင့် စားဝတ်နေရေးနှင့် နေထိုင်ရေးတွင် အခက်အခဲများ ကြုံတွေ့နေကြသည်။

စစ်ဘေးရှောင်ကူညီရေးတာဝန်ခံက “စားဝတ်နေရေးနဲ့ ခြင်ထောင်က အဓိကပြဿနာဖြစ်မယ်။ အသင်းတော် ဘက်ကနေတော့ ပံ့ပိုးတာတော့ ရှိတယ်။ စားဝတ်နေရေးအတွက် ဆန်ဝယ်ဖို့၊ ဟင်းသီးဟင်းရွက်ဝယ်ဖို့ အဲ့လောက် ထိတော့ မပံ့ပိုးနိုင်ဘူး။ အိမ်ငှားခတွေက အိမ်ပေါ်မှာမူတည်တယ်၊ ၃ သိန်းနဲ့ ငှားတာရှိတယ် အစားစားပေါ့။ အိမ် ငှားဖို့ ခက်တဲ့သူတွေက ၃ - ၄ မိသားစုလောက် စုပေါင်းပြီး ငှားကြတယ်” ဟု ပြောသည်။

အလားတူ အိန္ဒိယဘက်ခြမ်းသို့ စစ်ဘေးရှောင်နေကြသူများသည်လည်း မိုးတွင်းကာလတွင် အမိုးအကာ၊ ခြင်ထောင်၊ ဆေးဝါးနှင့် အစားအသောက်များ အကူအညီ လိုအပ်နေသည်။

အိန္ဒိယ-မြန်မာ အမှတ် (၁) နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီဟု စစ်တပ်က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

Most read this week

ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...
August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...