ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီ တပ်သား ၆ ဦးကို လက်နက်များနှင့်အတူ CDF ဖမ်းဆီးထားဟုဆို

ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီ တပ်သား ၆ ဦးကို လက်နက်များနှင့်အတူ CDF ဖမ်းဆီးထားဟုဆို
ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ
ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် တာဝန်ကျသည့် စစ်ကောင်စီ တပ်သား ၆ ဦးကို လက်နက်များနှင့် အတူ ဖမ်ဆီးထားကြောင်း CAN နှင့် CDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

CDF  ရဲဘော် တစ်ဦးက “မနေ့က ဖမ်းထားတာဗျ၊ လက်နက်တွေရော၊ ဗုံးသီးတွေရော။ ကျနော်တို့လဲ ထုတ်ပြန်ထားပါတယ်”ဟု ပြောသည်။

စစ်ကောင်စီ တပ်သားများကို သေနတ် ၇ လက်၊ အီနာဂါဗုံးသီး (၈)လုံးတို့ဖြင့် ၎င်းတို့စခန်းချနေသည့် ထန်တလန်မြို့ပေါ်က CB ဘဏ် တွင် ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုအား ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

“သူတို့လူဖမ်းခံရလို့နေမှာပေါ့၊ မနက်အစောက လေယာဉ်နဲ့ ဗုံးလာကြဲသေးတယ်။ အထိအခိုက်တော့ မသိရသေးဘူး ”ဟု ထန်တလန် ဒေသခံတစ်ဦးက ဖုန်းဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ချင်းပြည်နယ်အတွင်း ထန်တလန်မြို့သည် စစ်ကောင်စီ၏ မီးရှို့မှုများကို စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အများဆုံးခံခဲ့ရကြောင်းနှင့် တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ကြည်းတပ်ဖြင့်မနိုင်၍ လေကြောင်းများဖြင့်ပါ စစ်ကောင်စီက တိုက်ခိုက်နေရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို CNA, CDF တပ်ဖွဲ့များက ပစ်ခတ်ခဲ့မှုများကြောင့်  ဟားခါးမြို့ စစ်ကောင်စီ စခန်း တစ်ခုသို့ ဆင်းသက်ခဲ့ရကြောင်း၊  ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ဟားခါးမြို့နယ်၊ သီမစ်အနီးတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီးကိုလည်း ပစ်ခတ်တိုက်ခဲ့ကြောင်း သိရှိရသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...