တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်ဟုဆိုကာ စစ်ကောင်စီသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုး

တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်ဟုဆိုကာ စစ်ကောင်စီသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုး

တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သည့် အခြေအနေဟုဆိုကာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖေဖော်ဝါရီ ၁ရက်နေ့က စကာ နောက်ထပ် သက်တမ်း ၆ လ တိုးမြှင့်ကာ အာဏာ အပ်နှံလိုက်ကြောင်း သိရှိရသည်။

အခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ထံ သာမန်အားဖြင့် နိုင်ငံတော် အာဏာကို ၂ နှစ်အထိသာ အပ်နှင်းခွင့်ရှိသော်လည်း ယခုအခါ “သာမန်မဟုတ်သည့်” အခြေအနေဖြစ်သည်ဟု ဆိုကာ စစ်ကောင်စီဥက္ကဋ္ဌကို နိုင်ငံတော်၏ အာဏာသုံးရပ်ကို ယခုကဲ့သို့ နောက်ထပ်သက်တမ်း ၆ လ တိုးမြှင့်အပ်နှံရန် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် ကာလုံအစည်းအဝေး ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

၂၀၀၈-အခြေခံ ဥပဒေပုဒ်မ ၄၂၅ တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စု လွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်ကာလ အချိန်တိုးမြှင့်ပေးရန် အကျိုး အကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့် ပေးနိုင်သည်ဟု ရေးသားထားသည်။

ယမန်နေ့က စစ်ကောင်စီဥက္ကဌရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံ ရေး အစည်းအဝေးတွင် တက်ရောက်လာသူများက နိုင်ငံတော်မှာ သာမန်အခြေအနေမဟုတ်ဟု ဆွေးနွေးခဲ့ကြ ပြီး NUG,CRPHနှင့် PDF တို့မှာ တိုင်းပြည်အလုံးစုံ ပျက်သုံးရေးကို လုပ်ဆောင်နေပြီး တိုင်းပြည် အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် ကြိုးစားနေသည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...
July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...