တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်ဟုဆိုကာ စစ်ကောင်စီသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုး

တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်ဟုဆိုကာ စစ်ကောင်စီသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုး

တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သည့် အခြေအနေဟုဆိုကာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖေဖော်ဝါရီ ၁ရက်နေ့က စကာ နောက်ထပ် သက်တမ်း ၆ လ တိုးမြှင့်ကာ အာဏာ အပ်နှံလိုက်ကြောင်း သိရှိရသည်။

အခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ထံ သာမန်အားဖြင့် နိုင်ငံတော် အာဏာကို ၂ နှစ်အထိသာ အပ်နှင်းခွင့်ရှိသော်လည်း ယခုအခါ “သာမန်မဟုတ်သည့်” အခြေအနေဖြစ်သည်ဟု ဆိုကာ စစ်ကောင်စီဥက္ကဋ္ဌကို နိုင်ငံတော်၏ အာဏာသုံးရပ်ကို ယခုကဲ့သို့ နောက်ထပ်သက်တမ်း ၆ လ တိုးမြှင့်အပ်နှံရန် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် ကာလုံအစည်းအဝေး ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

၂၀၀၈-အခြေခံ ဥပဒေပုဒ်မ ၄၂၅ တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စု လွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်ကာလ အချိန်တိုးမြှင့်ပေးရန် အကျိုး အကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့် ပေးနိုင်သည်ဟု ရေးသားထားသည်။

ယမန်နေ့က စစ်ကောင်စီဥက္ကဌရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံ ရေး အစည်းအဝေးတွင် တက်ရောက်လာသူများက နိုင်ငံတော်မှာ သာမန်အခြေအနေမဟုတ်ဟု ဆွေးနွေးခဲ့ကြ ပြီး NUG,CRPHနှင့် PDF တို့မှာ တိုင်းပြည်အလုံးစုံ ပျက်သုံးရေးကို လုပ်ဆောင်နေပြီး တိုင်းပြည် အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် ကြိုးစားနေသည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...