ပုဏ္ဏားကျွန်းတွင် ဆေးကုသမည့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အတွက် ဆေးဝါးများဝယ်ယူရန် ပုဏ္ဏားကျွန်းစီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေအတင်းကောက်ခံ

ပုဏ္ဏားကျွန်းတွင် ဆေးကုသမည့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အတွက် ဆေးဝါးများဝယ်ယူရန် ပုဏ္ဏားကျွန်းစီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေအတင်းကောက်ခံ
ဇန်နဝါရီလ ၂၂ ရက်က မင်းပြားမြို့ ရာမောင်ခန်းမတွင် စစ်ကောင်စီတပ်သားများမှ ဆေးကုသပေးနေပုံ
ဇန်နဝါရီလ ၂၂ ရက်က မင်းပြားမြို့ ရာမောင်ခန်းမတွင် စစ်ကောင်စီတပ်သားများမှ ဆေးကုသပေးနေပုံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် အခမဲ့ဆေးကုသရန် လာရောက်မည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ကောင်စီနယ်လှည့် ဆေးကုသရေးအဖွဲ့အတွက်  ဆေးဝါးဝယ်ယူရန် ပုဏ္ဏားကျွန်းမြို့ပေါ်က  စီးပွားရေးရှင်များထံမှ အလှူငွေများ အတင်းအဓမ္မကောက်ခံနေသည်ဟု သတင်းရရှိသည်။

ယနေ့နေ့လယ်က ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀တပ်ရင်းမှ ဗျူဟာမှူးက ပုဏ္ဏားကျွန်းမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ ကျော်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့  အစည်းအဝေးခေါ်ယူပြီး  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အတွက် ဆေးဝါးများဝယ်ယူရန် အလှူငွေများထည့်ဝင်ရမည်ဟု ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

" ကျနော်တို့ ပုဏ္ဏားကျွန်းမြို့မှာ စစ်တပ်ကနယ်လှည့်ဆေးကုရေးအဖွဲ့က ဆေးကုဖို့ဆိုပြီး ပုဏ္ဏားကျွန်းက စီးပွားရေးလုပ်ငန်းရှင်တွေကိုခေါ်ပြီး အလှူခံတယ်။ ဆေးကုဖို့ ဆေးဝယ်ရမယ် ဆိုပြီးတော့။ ပြည်သူတွေအတွက် ကုပေးမှာမို့ ဆေးဝါးစရိတ်ကို မြို့လူထုက ပေးရမယ်ဆိုပြီးတော့ ပြောတာပေါ့။ သူတို့က ခုလိုပြောတော့လည်း ပေးရတာပေါ့” ဟု ပြောသည်။

ပြည်သူလူထုကျန်းမာရေးအတွက် အခမဲ့ တပ်မတော်က ဆေးကုပေးမည်ဆိုပြီး ပြည်သူလူထုထံက ငွေကောက်မှုမှာ မဖြစ်သင့်ဟုလည်း ပြောဆိုသည်။

“  တချို့ကတော့ စစ်တပ်ကပြောတော့ ပြည်သူတွေကိုဆေးကုပေးမယ့်ဟာဆိုပြီး ထည့်ကြတယ်ပေါ့။ တချို့ကတော့လည်း ‘ပိုက်ဆံထည့်တာက ပြည်သူ၊ နာမည်ကောင်းယူတော့စစ်တပ်’ အဲလိုမျိုး ဝေဖန်မှုတွေ အမျိုးမျိုးရှိကြပါတယ်" ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကပြောသည်။

နောက်ထပ် ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက "မြို့ကနည်းနည်းတတ်နိုင်တဲ့သူတွေကို အစည်းအဝေးခေါ်ပြီး ဆေးဝယ်ဖို့အတွက် ပိုက်ဆံတောင်းတယ်။ နောက်ဆုံးမှာဒါက ပြည်သူဘက်က ပိုက်ဆံတွေ တောင်းပြီး တပ်မတော်ဘက်က အခမဲ့ဆေးကုပေးတဲ့ပုံစံမျိုးနဲ့  နာမည်ကောင်းယူမှာလေ။ စေတနာမရှိလိုတော့ မဟုတ်ပါဘူး။ အခမဲ့ဆိုပြီး လူထုတွေဆီက ငွေကောက်ခံတာမျိုးတော့ မဖြစ်သင့်ဘူးလေ" ဟုပြောသည်။

အဆိုပါတပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးကုသမှုခံယူမည့် လူဦးရေစာရင်းကိုလည်း ကြိုတင်စာရင်း ပေးထားရကြောင်းသိရသည်။

မည်သည့်နေ့တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့သို့လာရောက် ဆေးကုသမည်ကိုလည်း မသိရသေးသော်လည်း လောလောဆယ်တွင် စီးပွားရေးသမားများထံက ငွေကြေးများ ကောက်ခံနေမှု အပေါ် ဒေသခံများအကြား ဝေဖန်မှုများ ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်ကလည်း မင်းပြားမြို့ ရာမောင်ခန်းမတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မင်းပြားမှုပြည်သူများကို လာရောက်ဆေးကုသမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...