ရေကြီးနေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းများ မျောပါလာ

ရေကြီးနေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းများ မျောပါလာ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့ မျောပါလာကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်းမှစတင်၍ မြစ်ရေစီးနှင့်အတူ လူသေအလောင်းအချို့ မျောပါလာသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ကုလားတန်မြစ်အနီး နေထိုင်သည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ဒေသခံတစ်ဦးက “မနက်က သုံးလောင်းတွေ့လိုက်ပါတယ်။ ကျောက်တော်အထက်ဘက်ကနေ မျောလာတာလို့ထင်ပါတယ်။ ဘယ်သူဘယ်ဝါ တွေဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

မြစ်ရေစီး အလွန်ပြင်းထန်နေသဖြင့် အဆိုပါအလောင်းများကို ဆယ်ယူနိုင်ခြင်း မရှိသေးပေ။

အခြား ဒေသခံတစ်ဦးကလည်း “ကျနော်မြင်လိုက်တာတော့ နှစ်လောင်း။ အမျိုးသားအလောင်းတွေချည်းပဲ။ အဝတ်အစားတွေလည်း မပါတော့ဘူး။ မှောက်လျက်သားတွေ့လိုက်တယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် ရခိုင်သို့ ကုန်ကူး၍ ပြန်လာသည့် စက်လှေအချို့ ပလက်ဝမြို့နယ် အထက်ပိုင်းတွင် ရေစီးကြောင့် နစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။

ယခု မျောပါလာသည့် အလောင်းများသည် အဆိုပါ စက်လှေနစ်မြုပ်မှုမှ ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေ ကြသည်။

ဇူလိုင်လ ပထမပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ကုလားတန်မြစ်ရေမှာ မြင့်တက်လျက်ရှိပြီး ရေစီးမှာလည်း အလွန်ပြင်းထန်နေသည်။

ဇူလိုင် ၈ ရက်နေ့ကလည်း အပေါက်ဝကျေးရွာမှ Grade-12 ကျောင်းသားတစ်ဦးနှင့် နဂူမေကျေးရွာမှ Grade-12 ကျောင်းသားတစ်ဦးတို့မှာ ကုလားတန်မြစ်အတွင်း မျောပါပျောက်ဆုံးနေသည်။

သို့သော် ယနေ့တွေ့ရှိရသည့် အလောင်းများသည် အဆိုပါ ကျောင်းသားနှစ်ဦး၏ ရုပ်အလောင်းများ မဟုတ် ကြောင်း ဒေသခံများက ဆိုသည်။

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...