မန္တလေးသို့ တိမ်းရှောင်လာသည့် ဗန်းမော်ရှမ်းနီစစ်ရှောင်များ စားဝတ်နေရေး အခက်တွေ့နေ

မန္တလေးသို့ တိမ်းရှောင်လာသည့် ဗန်းမော်ရှမ်းနီစစ်ရှောင်များ စားဝတ်နေရေး အခက်တွေ့နေ

ကချင်ပြည်၊ ဗန်းမော်မြို့မှ တိုက်ပွဲများကြောင့် ရွှေကူမြို့နယ်မှတစ်ဆင့် မန္တလေးမြို့သို့ တိမ်းရှောင်လာသည့် ရှမ်းနီဒေသခံများမှာ လက်ရှိတွင် နေထိုင်ရေးနှင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စစ်ရှောင်များက ပြောသည်။

မန္တလေးမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်အိမ်ထောင်စုပေါင်း ၂,၁၀၀ ကျော်ရှိပြီး စက်မှုရပ်ကွက် အတွင်း၌ လည်း ရှမ်းနီစစ်ရှောင်များနှင့် ဝန်ထမ်း ၃၀၀ ခန့် ရောက်ရှိနေသည်။

အဆိုပါ စစ်ရှောင်များအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အရမ်းခက်ခဲတဲ့ မိသားစုတွေကိုပဲ စာရင်း ကောက်ထားတာ ဖြစ်တယ်လေနော်။ ဆန်နဲ့ ဆီ လိုအပ်နေကြတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ဗန်းမော်မြို့အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများ မှာ မြို့လုံးကျွတ် တိမ်းရှောင်ခဲ့ကြရသည်။

ဒေသခံများမှာ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ မိုးညှင်းနှင့် ဟိုပင်မြို့များသို့ တိမ်းရှောင်နေကြရသည်မှာ နှစ်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ကချင်ပြည်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်က မန္တလေးရှိ ဗန်းမော်စစ်ရှောင်များကို သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးက မိမိတတ်နိုင်သည့်ဘက်မှ အကူအညီပေးရန် အသင့်ရှိကြောင်း စစ်ရှောင်များကို ပြောသည်။

မိမိကိုယ်တိုင်လည်း အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ရှောင်တစ်ဦးဖြစ်ခဲ့ဖူးသဖြင့် စစ်ရှောင်များ၏ အခက်အခဲကို အပြည့်အဝကိုယ်ချင်းစာ နားလည်ကြောင်း ဝန်ကြီးက နှစ်သိမ့်စကား ပြောဆိုခဲ့သည်။

ဗန်းမော်မြို့သိမ်း တိုက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး လက်ရှိ အချိန်အထိ မြို့အနီးတစ်ဝိုက်နှင့် နေရာအများစုကို ထိန်းချုပ်ထားသည်။

စစ်တပ်ဘက်ကလည်း ဗန်းမော်မြို့ကို လက်မလွှတ်စေရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...