ပူတာအိုတွင် နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှုများ ခပ်စိပ်စိပ်ဖြစ်ပွား

ပူတာအိုတွင် နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှုများ ခပ်စိပ်စိပ်ဖြစ်ပွား

ကချင်ပြည်၊ ပူတာအိုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေအိမ်များအား ဖောက်ထွင်း၍ အဖိုးတန် ပစ္စည်းများ ခိုးယူခံရမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

တစ်ပတ်အတွင်း၌ပင် ဖောက်ထွင်းမှု သုံး၊ လေးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် အိမ်ရှင်များ အပြင်ထွက် ချိန်နှင့် ဘုရားကျောင်းသွားချိန်များကို အခွင့်ကောင်းယူ၍ ခိုးယူမှုများ ပြုလုပ်နေကြသည်။

ပူတာအိုဒေသခံတစ်ဦးက “အခုတလောတော့ တစ်ပတ်မှာ သုံး၊ လေးကြိမ်လောက်တော့ ကြားနေရတယ်။ လူမရှိတဲ့အချိန် အဓိကတော့ တနင်္ဂနွေနေ့ ဘုရားကျောင်းသွားတဲ့အချိန်တွေပေါ့နော်။ အဲဒီလိုချိန်တွေမှာ ဝင်တာ တော်တော်လေး တွေ့ရတယ်” ဟု ပြောသည်။

ဖောက်ထွင်းမှုများသည် မြို့တွင်းရပ်ကွက်များသာမက ကျေးရွာများအထိပါ ဖြစ်ပွားနေပြီး အိမ်ရှင်မရှိချိန်တွင် အဖိုးတန်ပစ္စည်းများကို အဓိကထား ခိုးယူကြခြင်းဖြစ်သည်။

အခြား ဒေသခံတစ်ဦးက “ဘယ်ရပ်ကွက်လို့လဲ ပြောလို့မရပါဘူး၊ အကုန်လုံးပဲ။ တန်ဖိုးရှိတဲ့ပစ္စည်းဆို အကုန်ယူ ကြတာပဲ။ အဓိကတော့ အိမ်ရှင်မရှိတဲ့အိမ်တွေ၊ အိမ်ရှင်အပြင်ထွက်တဲ့အချိန်၊ ဘုရားကျောင်းသွားတဲ့ အချိန် လေးတွေမှာ အိမ်ဖောက်ခိုးတာတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်” ဟု ပြောသည်။

အချို့သော နေအိမ်များမှာမူ အကြိမ်ကြိမ် ဖောက်ထွင်းခံရသည့် အခြေအနေများပင် ရှိနေသည်။

ကချင်ပြည်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့၌လည်း လူနေအိမ်များအတွင်း တုတ်၊ ဓားကိုင်ဆောင်၍ ဝင်ရောက်ခိုးယူမှုများ၊ လမ်းပေါ်တွင် ဆိုင်ကယ်နှင့် ပစ္စည်းများ လုယက်ခံရမှုများ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက် ရှိသည်။

လက်ရှိတွင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရသည့် ဒေသခံများမှာ အဆိုပါ ခိုးဆိုးလုယက်မှုများကို သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူကိုင်တွယ်ပေးရန် တောင်းဆိုနေကြသည်။

July 10, 2026
ကချင်ပြည်၊ ကန်ပိုက်တီမြို့နှင့် ဆဒုံးမြို့အကြား မိုးရက်ဆက်ရွာသွန်းမှုကြောင့် တောင်ပြို၊...
July 8, 2026
ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်နှင့် ယူမာလမ်းအနီးတွင်...
July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...
June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...