၂၀၂၂ ခုနှစ်အတွင်း ရခိုင်က သဘာဝဓာတ်ငွေ့ ဒေါ်လာ ၁.၄၃ ဘီလီယံဖိုးကို စစ်ကောင်စီက တရုတ်ကို ရောင်းချခဲ့

၂၀၂၂ ခုနှစ်အတွင်း ရခိုင်က သဘာဝဓာတ်ငွေ့ ဒေါ်လာ ၁.၄၃ ဘီလီယံဖိုးကို စစ်ကောင်စီက တရုတ်ကို ရောင်းချခဲ့

ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာစစ်ကောင်စီသည်  တရုတ်နိုင်ငံထံ အမေရိကန်ဒေါ်လာ (၁.၄၃) ဘီလီယံတန်ဖိုးရှိသည့် ရခိုင်ကထွက်သည့် သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချခဲ့သည်ဟု သိရှိရသည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံထံ နိုင်ငံဖြတ်ကျော် တည်ဆောက်ထားတဲ့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ပို့လွှတ်ရောင်းချခဲ့ခြင်းဖြစ်သည် တရုတ်အကောက်ခွန်ဌာနတစ်ခု၏  ထုတ်ပြန်ချက်ကို ကိုးကားပြီး  BETV  Business News တွင် ဖော်ပြသည်။

ကန်ဒေါ်လာ (၁) ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ဓာတ်ငွေ့ပိုက်လိုင်းက နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ (၁၂) ဘီလီယံကို ဖြန့်ဝေပို့ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာ၀ဓာတ်ငွေ့များကို ၎င်းဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ပေးနေခြင်း ဖြစ်သည်။

၎င်းအပြင် (၇၇၁) ကီလိုမီတာ အရှည်ရှိသည်  ရေနံစိမ်းပိုက်လိုင်းကိုလည်း ကန်ဒေါ်လာ (၁.၅) ဘီလီယံကျော် အသုံးပြုပြီး ကျောက်ဖြူမှ ယူနန်ပြည်နယ်အထိ တည်ဆောက်ထားပြီး နှစ်စဉ်ရေနံစိမ်း တန်ချိန် (၂၂) သန်း ပို့ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည်ဟုသိရသည်။

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရှယ်ယာ (၇.၃၆) ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ရေနံပိုက်လိုင်းစီမံကိန်းမှာတော့ ရှယ်ယာ (၄၉.၁) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို ဓာတ်ငွေ့တင်ပို့မှုအများဆုံး နိုင်ငံများအထဲ ပါဝင်ခဲ့ပြီး တာ့ခ်မင်နစ္စတန်နှင့် ရုရှားတို့ပြီးလျှင် တတိယအများဆုံး သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသူအဖြစ် ရပ်တည်နေသည်ဟု သတင်းတွင် ဖော်ပြသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အရှေ့တောင်အာရှ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (SEAGP) က တာန်ယူထားပြီး ရေနံစိမ်းပိုက်လိုင်းကိုတော့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ (SEAOP) က တာဝန်ယူဆောင်ရွက်နေသည်ဟု သိရှိရသည်။

ထိုကဲ့သို့ရခိုင်သဘာ၀ဓာတ်ငွေကို နှစ်စဉ် ဘီလီယံနှင့်ချီပြီး မြန်မာအစိုးရ အဆက်ဆက်က တရုတ်သို့ ထုတ်ယူရောင်းချနေသော်လည်း ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေပြီး အလုပ်လက်မဲ့နုန်းလည်း အမြင့်ဆုံးပြည်နယ်တစ်ခုဖြစ်သည်ဟု သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...