ဂျပန်ကမ်းလွန် ကုန်တင်သင်္ဘောနစ်မြုပ်မှု တရုတ်ခြောက်ဦးနှင့် မြန်မာနှစ်ဦးသေဆုံး၊ မြန်မာငါးဦးအပါအဝင် ကိုးဦး ပျောက်ဆုံးနေဆဲ

ဂျပန်ကမ်းလွန် ကုန်တင်သင်္ဘောနစ်မြုပ်မှု တရုတ်ခြောက်ဦးနှင့် မြန်မာနှစ်ဦးသေဆုံး၊ မြန်မာငါးဦးအပါအဝင် ကိုးဦး ပျောက်ဆုံးနေဆဲ

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျပန်နိုင်ငံအနီး ကမ်းလွန်ပင်လယ်ပြင်၌ ကုန်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ရာ ရှစ်ဦးသေဆုံးပြီး ကိုးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က အတည်ပြုပြောကြားသည်။

သေဆုံးသူ ရှစ်ဦးအနက် ခြောက်ဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး နှစ်ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု သိရှိရသည်။

ဟောင်ကောင်အလံတင် “ ဂျင်ရှန်း” ကုန်တင်သင်္ဘောသည် သင်္ဘောသား (၂၂)ဦးနှင့်အတူ ဒန်ဂျိုကျွန်းအနောက်ဘက် ၆၈ မိုင် အကွာ၊ အရှေ့တရုတ်ပင်လယ်ပြင်အတွင်း ခုတ်မောင်း နေစဉ် အင်္ဂါနေ့ညဉ့်နက်ပိုင်းက အရေးပေါ်အချက်ပြမှုများ ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံသား (၁၄)ဦး နှင့် မြန်မာနိုင်ငံသား (၈)ဦး တို့သည် ဂျင်ရှန်းကုန်သင်္ဘောပေါ်မှ အသက်ကယ်လှေဖြင့်ထွက်ပြေးလာခဲ့ကြသော်လည်း ပင်လယ်ပြင်မှာ မုန်တိုင်းကြမ်းနေသည့်အတွက် ကယ်ဆယ်ရေးပြုလုပ်ရန် အခက်တွေ့ခဲသည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် သင်္ဘောသား (၁၃)ဦးကို ကယ်တင်ရရှိကြောင်း၊ ထို ၁၃ ဦးအထဲက  ငါးဦးကို အနီးကဖြတ်သွားသော သင်္ဘောတစ်စီးကလည်းကောင်း၊ နှစ်ဦးကို ဂျပန်လေတပ် ရဟတ်ယာဉ်တစ်စီးနှင့် ခြောက်ဦးကို တောင်ကိုးရီးယား ရေတပ်ရဲများကကယ်တင်ပေးခဲ့သည်။

သို့သော် ကယ်ဆယ်ရရှိသူများအနက် ရှစ်ဦးမှာ နာဂါဆာကီ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်က ပြောသည်။

ပျောက်ဆုံးနေသော ကိုးဦးကို ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ကမ်းခြေစောင့်တပ်က ဆိုသည်။

ဂျင်ရှန်း ကုန်သင်္ဘောသည် ဒီဇင်ဘာလဆန်းက မလေးရှားနိုင်ငံ ကလန်းဆိပ်ကမ်းမှ တောင်ကိုးရီးယား နိုင်ငံ အင်ချွန်းဆိပ်ကမ်းသို့ ထွက်ခွါလာစဉ် ဂျပန်ကမ်းလွန်အနီး ယခုကဲ့သို့ နစ်မြုပ်သွားခြင်း ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...