မင်းပြားတွင် ထင်းခွေသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိ၍သေဆုံး

မင်းပြားတွင် ထင်းခွေသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိ၍သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးသန်းရွှေမောင်သည် ယနေ့ နေ့လယ် ၁နာရီခွဲဝန်းကျင်က ထင်းခွေသွားရာမှ မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း သိရသည်။

“  ဒီနေ့  နေ့လယ်  ၁နာရီခွဲဝန်းကျင်က ရွာအနီးမှာရှိတဲ့ ဆနွင်းတောင်သို့ တစ်ဦးတည်း ထင်းခွေဖို့ သွားရာကနေ မိုင်းနင်းမိတာပါ။  ဒဏ်ရာပြင်းထန်တဲ့အတွက် ရွာကိုသယ်လာစဉ် လမ်းမှာ  သေဆုံးသွားတာဖြစ်ပါတယ်” ဟု ဖားပြိုကျေးရွာသား တစ်ဦးက နိရဉ္စရာကို ပြောသည်။

မိုင်းဒဏ်ရာသည် ပြင်းထန်ပြီး ဦးသန်းရွှေမောင်၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို  ထိခိုက်သွားခဲ့သည်ဟု သွားရောက်ကြည့်ရှူခဲ့သည့် ဒေသခံများကပြောသည်။

"သူကထင်းခွေဖို့သွားတာပါ။ ရွာအရှေ့ဘက် စစ်ကောင်စီတပ်စခန်းချထားတဲ့ တောင်တန်းအနီးက ဆနွင်းတောင်ကိုပါ။  ဖားပြိုရွာအရှေ့က တောင်တန်းမှာပါ။ သူကတစ်ယောက်တည်းသွားတာပါ။ ထင်းခွေဖို့သွားတာလည်း မကြာသေးဘူး ဖြစ်သွားတာက။ သူကမိုင်းနင်းမိတဲ့အခါ အိမ်ရှင်မကို လှမ်းအော်တယ်တဲ့။ ရွာနဲ့လည်းနီးတော့ ပေါက်သံနဲ့ အော်သံကိုပါကြားလိုက်ရတော့ သွားကြည့်ကြတာပါ။ သူ့ကိုတောင်ပေါ်ကချလာတုန်းမှာပဲ သေသွားတာပါ" ဟုပြောသည်။

လက်ရှိတွင် ၎င်း၏အလောင်းကို ဖားပြိုကျေးရွာ သုသာန်တွင် ထားရှိထားကြောင်း သိရသည်။

၎င်းဦးသန်းရွှေမောင် ထင်းခွေရန်သွားသည့် တောင်တန်းအနီးအနားတွင် စစ်ကောင်စီတပ်က တပ်စွဲစခန်းချနေထိုင်မှုများရှိကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်ကလည်း ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ထင်းခွေသွားသူ  ဆယ်ကျော်သက်အရွယ် မူဆလင် ကလေး ၁ ဦးသေဆုံး ပြီး ၃ ဦး ဒဏ်ရာပြင်းထန်ရရှိသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်က မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ လူငယ်တစ်ဦး ထင်းခုတ်သွားစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့သည်။

ရခိုင်တွင် လတ်တလောအတွင်း မြေမြုပ်မိုင်းများ ပေါက်ကွဲ၍ သေဆုံး ဒဏ်ရာရသူများ တစ်နေ့ထက်တစ်နေ့ တိုးပွားနေသဖြင့် တိုက်ပွဲမရှိသည့် ယခုလို ငြိမ်းချမ်းနေသည့် အချိန်မျိုးတွင် စစ်ကောင်စီတပ်အနေဖြင့် ထောင်ထားသော မိုင်းများကို အမြန်ဖယ်ရှားပေးရန် လိုအပ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...