ဖာပွန်ခရိုင်ထဲက စစ်ကောင်စီသီးရိုထာတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီသီးရိုထာတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စ ခန်း ၃ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိထားပြီလို့ ကရင်အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၆)ရက်နေ့ မနက်အစောပိုင်းကစပြီး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့တပ်စခန်းတွေဖြစ်ကြတဲ့ လယ်တိုး၊ ခေါပူနဲ့ သီးရိုထာစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီရဲ့ တပ်စခန်းတိုက်ခိုက်မှုအတွင်း သံလွင်မြစ်ကမ်းနံဘေးရှိ သီးရိုထာတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီး အခြားတပ်စခန်းနှစ်ခုရဲ့ တိုက်ပွဲအခြေအနေကိုတော့ လတ်တလောမှာ မသိရှိရသေးဘူးလို့ KNU တပ်မဟာ(၅)သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ သီးရိုထားစခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက်မှုရှိခဲ့ပြီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KNUမူတြော်ခရိုင် တပ်မဟာ(၅) ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန် အဆက်အသွယ်ရရှိခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ဒီကနေ့ ဒီဇင်ဘာ (၇)ရက်နေ့ မနက်ပိုင်းမှာလည်း ဖာပွန်ခရိုင်ဘူးသိုမြို့နယ် ပေါ်ထကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး ကျွဲနွားစတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးခဲ့ကာ အရပ်သားတွေတော့ ထိခိုက်မှုမရှိဘူးလို့ ကရင်အမျိုးသမီးအစည်းအရုံး KWO က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန်အတွင်း တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး ဒီလို အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ အရင်ကထက် ပိုမိုဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး KWO က ဆိုထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...