မောင်းမကန်ရဲစခန်းကို ဒေသ PDF ပူးပေါင်းတပ်ဝင်တိုက်

မောင်းမကန်ရဲစခန်းကို ဒေသ PDF ပူးပေါင်းတပ်ဝင်တိုက်

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ မောင်းမကန်နယ်မြေ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ မောင်းမကန်နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

ရဲစခန်းတိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့သလို စစ်ကူလာတဲ့ စစ်ကောင်စီ ကားတစ်စီးကိုလည်း သုံးထပ်ကွေ့မှာ ဒေသခံ PDF တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးနိုင်တဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို အရေးပေါ်ကားတစ်စီးနဲ့ ညတွင်းချင်း လာရောက် သယ်ဆောင်သွားသလို ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ စခန်းထဲကို လူနာတင်ယာဉ်တွေ ထပ်မံရောက်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီရဲစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မောင်းမကန်ကျေးရွာအနီးတဝိုက်မှာ တောနင်းရှာဖွေတာတွေ လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

မောင်းမကန်နယ်မြေရဲစခန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...