လှည်းကူးမှာ ရိုဟင်ဂျာ(၁၃) ဦးရဲ့ ရုပ်အလောင်းတွေ လမ်းဘေးမှာစွန့်ပစ်ခံထားရ

လှည်းကူးမှာ ရိုဟင်ဂျာ(၁၃) ဦးရဲ့ ရုပ်အလောင်းတွေ လမ်းဘေးမှာစွန့်ပစ်ခံထားရ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဘားလားကျေးရွာ က တပင်ရွေထီးလမ်းမမှာ ရိုဟင်ဂျာ(၁၃) ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဒီဇင်ဘာလ(၅) ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီဆောင်ရွက်ပေးနေတဲ့ ရိုနေဆန်းလွင်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရိုဟင်ဂျာတွေသေဆုံးတာဟာ အောက်ဆီဂျင်ပြတ်တောက်အသက်ရှုကြပ်ပြီး သေဆုံးတာဖြစ်တယ် လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ရေးသားထားပေမယ့် သေဆုံးသူတွေဟာ ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

“အလောင်းတွေကို မျက်မြင်တွေ့တဲ့သူတွေရဲ့ သတင်းပေးချက်အရတော့ သေဆုံးသူတွေမှာ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရ ထားတာရှိနေတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်က အောက်စီဂျင်ပြတ် တယ်လို့ ရေးသားထား ပြီးလိမ်ညာထားတယ်” လို့ ရိုနေဆန်းလွင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ဆေးရုံက သေမှုသေခင်း(သေစာရင်း) ထုတ်ပေးချိန်မှာ ဘယ်လိုရေးသားလာမလဲမသိပေ မယ့် စစ်ကောင်စီ အကြိုက်ရေးမှာ သေချာပါတယ်လို့ သူက ပြောပါသေးတယ်။

သေဆုံးသွားတဲ့ ရိုဟင်ဂျာ (၁၃) ဦးဟာ အမျိုးသားတွေဖြစ်ပြီး လူငယ်တွေ ဖြစ်ကာ သူတို့ကို ရန်ကုန် ဆေးရုံကြီးမှာ ခွဲစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ရိုဟင်ဂျာလူမျိုးတွေမကြာခဏ ဖမ်းဆီးခံနေရပြီး စစ်ကောင်စီက မတရားတဲ့ ပုဒ်မ တွေနဲ့ အပြစ်ပေးအရေးယူနေတာဖြစ်ပါတယ်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...