စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် တနင်္သာရီစစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါး ပြတ်လပ်လာနိုင်

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် တနင်္သာရီစစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါး ပြတ်လပ်လာနိုင်

တနင်္သာရီတိုင်းထဲမှာ အာဏာသိမ်းစစ်ကောင်စီက ကုန်ပစ္စည်းတင်ဆောင်ခွင့်ကို ပိုမို ကန့်သတ်လာတာကြောင့် စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်လာနိုင်တယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အခုနောက်ပိုင်းကာလအတွင်း တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ဆေးရေး ဂိတ်တွေ တိုးချဲ့ဖွင့်ပြီး ဆန်အပါအဝင် စားသောက်ကုန်၊ ဆေးဝါးသယ်ဆောင်ခွင့်ကို ပိုမိုတင်းကျပ်လာတာပါ။

ဆန်သယ်ရာမှာ ပိုင်ရှင်တစ်ဦးကို တစ်အိတ်သာ သယ်ဆောင်ခွင့်ပေးအပ်ထားပြီး ပိုသယ်လာပါက သိမ်း ဆည်းတာအပြင် တင်ဆောင်လာတဲ့ ကားသမားတွေကိုလည်း ဖမ်းဆီးရိုက်နှက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ် ယူဖို့ အခက်အခဲဖြစ်လာသလို မကြာမီကာလအတွင်း ပြတ်လပ်မှုနဲ့ ကြုံလာရနိုင်တယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် အလှူငွေရရှိမှု နည်းပါးလာတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အပြည့်အဝအကူအညီပေးနိုင်တော့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ရာသီဥတုအကူအပြောင်းကာလအတွင်း ရာသီတုပ်ကွေး ရောဂါ အဖြစ်များနေပြီး သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ရှောင်ပြည်သူ အများဆုံ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် လူသာချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ဆက်လက် လိုအပ်နေတာပါ။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...