ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ညနေ ဧည့်သည်တည်းခိုခွင့်မပြုဖို့ တိုင်းသံဃနာယကအဖွဲ့က အမိန့်ထုတ်

ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ညနေ ဧည့်သည်တည်းခိုခွင့်မပြုဖို့ တိုင်းသံဃနာယကအဖွဲ့က အမိန့်ထုတ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ညနေဧည့်သည်လက်ခံလို့ မှုခင်းတွေ ဖြစ်နေရတယ်လို့ဆိုကာ လုံခြုံရေးအရ ညအိပ်ညနေ တည်းခွင့်မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယ ကအဖွဲ့က အမိန့်ထုတ်ပြန်တားမြစ်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့က စာအမှတ် (၄-၃၈၃/တနက/(သာ-ထွေ)/၂၀၂၂ နဲ့ နိုဝင်ဘာ ၂၃ရက်နေ့စွဲနဲ့ တားမြစ်ချက်ထုတ်ပြန်လိုက်တာပါ။

ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ညနေလက်ခံတာတွေကြောင့် လုယက်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ စ တဲ့ မှုခင်းတွေဖြစ်ပေါ်ခဲ့တယ်ဆိုပြီး သက်ဆိုင်ရာဌာနတွေက တိုင်ကြားလာတာကြောင့် အခုလိုစာထုတ်ပြန် တားမြစ်ရတာ ဖြစ်တယ်လို့လည်း တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါ တယ်။

သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတွေက ကျောင်းထိုင်၊တိုက်အုပ်၊တိုက်ကြပ်နဲ့ စာချ ဆရာတော်တွေ မသိဘဲ ညအိပ်ဧည့်သည်လက်မခံဖို့နဲ့ စိစစ်ပြီးမှလက်ခံဖို့၊ လက်ခံထားတဲ့ဧည့်သည်ရှိလာရင်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားဖို့ စတဲ့အချက်တွေကို အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်ကုန်ဒေသခံတွေကတော့ သံဃာအဖွဲ့အစည်းက ဒီလိုလုပ်ဆောင်လာတာဟာ စစ်ကောင်စီက ဖိအားပေး လို့ဖြစ်နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ စစ်ကောင်စီက အခုရက်ပိုင်းအတွင်းမှာ မြို့ပြပြောက်ကျား တပ်ဖွဲ့ ဝင်တွေနေထိုင်ရာတွေကို အင်အားသုံးရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်လာနေတာကြောင့် အခုလို တားမြစ်ချက်ကလည်း ယူဂျီတွေကို နယ်မြေ ကျဉ်းလာအောင်လုပ်ဆောင်လာနေတာလို့ ဝေဖန်နေကြတာပါ။

“ ဒီမနက်ပဲ ကမာရွတ်ဘက်က ဘုန်းတော်ကြီးကျောင်းအချို့မှာ စစ်တပ်နဲ့ ရဲက ဝင်စစ်ဆေးတယ်လို့ ကြားရ တယ်။စစ်တာက ကျောင်းမှာနေသူမပါဘဲ ခေတ္တ လာတည်းနေသူတွေကို ပြန်ခိုင်းတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ စစ်တပ်ကိုဆန့်ကျင်တဲ့သူတွေ တည်းနေမှာစိုးလို့ဗျ အဲဒါက။ ဒါကပြောရရင် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မြို့ပြပြောက်ကျားတွေကို အင်အားနည်းအောင်လုပ်တာပဲဗျ” လို့ ကမာရွတ်မြို့နယ်နေမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာလ ဒုတိယအပတ်ကနေ နောက်ဆုံးအပတ်အထိ သန်းခေါင်စာရင်း စစ်တာ၊ဖမ်းမိတဲ့ အဖွဲ့ဝင်တွေကနေတစ်ဆင့် ကွင်းဆက်ဖမ်းဆီးတာတွေစသဖြင့် နည်းလမ်းပေါင်းစုံနဲ့ မြို့ပြပြောက်ကျား အဖွဲ့ဝင် ၄၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးထားခဲ့ပြီး သတင်းအတိအကျ ထုတ်ပြန်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...