နိုင်ငံတကာမှာ မိတ်ဆွေနိုင်ငံတွေ များလာအောင်ကြိုးပမ်းဖို့ NUG ယာယီသမ္မတ ညွှန်ကြား

နိုင်ငံတကာမှာ မိတ်ဆွေနိုင်ငံတွေ များလာအောင်ကြိုးပမ်းဖို့ NUG ယာယီသမ္မတ ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေ နိုင်ငံတွေများပြားလာအောင်ကြိုးပမ်းလုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၂၉) ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

“နိုင်ငံတကာကို ကြည့်ရင် နိုင်ငံအားလုံးဟာ မိတ်ဆွေတွေ ဖြစ်ဖို့ ခဲယဉ်းပေမယ့် ရန်သူတွေ မဖြစ် အောင်လုပ်ရ မယ်ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် အားလုံးအနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြရမယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝန်ဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ်အယောင် တွေနဲ့ ချိန်ဆက်ထင်ဟပ်နေသလို လူထုအားကို နိုင်ငံတကာအသိုင်းအဝန်းက အလွန်အကျွံမငြင်းဆန် နိုင်တဲ့အတွက် တော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုင်းအဝန်း ရဲ့ သဘောထားကို ပူးတွဲချိတ်ဆက်ထားကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းခဲ့ပါသေးတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်တွင်း၊ပြည်ပက နိုင်ငံသားတွေဟာ ထောက်ပံ့ရေး အရင်းအမြစ် တွေဖြစ်ပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့ အစိုးရဟာ ရေရှည်ရပ်တည်ဖို့ ခဲယဉ်းတဲ့အတွက် NUG အနေနဲ့ ပြည်သူလူထု ထောက်ခံမှု မြင့်မားအောင်လုပ်ဖို့ လိုတယ်လို့ ဆိုခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင်တွေအနေနဲ့ လူထုထောက်ခံမှုရချင်ဇောနဲ့ လက်တွေ့နဲ့ ကင်းကွာတဲ့ မျှော်လင့်ချက် တွေကို အထိန်းအကွပ်မဲ့ ပြောဆိုလုပ်ဆောင်တာတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လည်း ယာယီသမ္မတက သတိပေးထားပါတယ်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...