ကိုင်းလယ်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးမီးရှို့ဖျက်ဆီးခဲ့

ကိုင်းလယ်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးမီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း ပေါက်မြို့နယ်က ကိုင်းလယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၆) ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကာ ဘန်ကာ ခြောက်ခုမှာ ငါးခုအထိ သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးတာတွေရှိခဲ့တဲ့အတွက် လေကြောင်း ပစ်ကူ ပေးခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က (၂) ဦးကျဆုံးပြီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က Mi-35 တိုက်ခိုက်ရေးလေယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ပစ်ခတ်ခဲ့ ပြီး အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုလည်း ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူ တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲပြီးဆုံးချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီလက်အောက်ခံ ကိုင်းလယ်ရဲစခန်းကို ယောကာကွယ်ရေးတပ်- YDF ကဦးဆောင်ပြီး မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ ဗိုလ်နားပေါက်ဦးဆောင်တဲ့ YRF(Young Revolution Front)၊ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ People's Defense Force-Yenangyaung နဲ့ ပခုက္ကူခရိုင် တပ်ရင်း-(၇) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၂) ရက်နေ့ကလည်း ကိုင်းလည်ရဲစခန်းကို ပခုက္ကူခရိုင်တပ်ရင်း(၇)၊တပ်ခွဲ (၃) 3IN1 PDF တပ်ဖွဲ့၊ပခုက္ကူခရိုင်တပ်ရင်း(၁၂)၊ နဂါးနီ(မြိုင်)တပ်ဖွဲ့၊ဗိုလ်လက်ျာတပ်ဖွဲ့၊မြို့ပြ ပျောက်ကျားတပ်ဖွဲ့တွေနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေဟာ ဒရုန်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက် ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က (၇) ဦးသေဆုံးထားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က (၅) ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း (၂၂) လအတွင်း တိုက်ပွဲပေါင်း (၇၈၀၀) ကျော်ဖြစ်ပွားထားတယ်လို့ ISP-Myanmar ကနိုဝင်ဘာလ(၂၂) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...