စစ်တပ်အာဏာသိမ်းပြီးနောက် မုဒိမ်းမှုကျူးလွန်သူတွေကို အရေးယူတာမရှိသေးဘူးလို့ NUCC ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက် မုဒိမ်းမှုကျူးလွန်သူတွေကို အရေးယူတာမရှိသေးဘူးလို့ NUCC ထုတ်ပြန်

မြန်မာနိုင်ငံကို စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေအပါအဝင် အမျိုးသမီး တွေကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမှု (၁၂) ရဲ့ ကျုးလွန် သူတွေကို အပြစ်ပေးအရေးယူခံရတာ မရှိသေးဘူးလို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၅) ရက်နေ့ကစတင်တဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုနေ့အဖြစ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖိုဝါဒကြီးစိုးတဲ့ အတွေးအခေါ်တွေလွှမ်းမိုးနေတဲ့ စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို တိုက်ထုတ်ပြီး တန်းတူရေးကို အာမခံတဲ့ ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ဖို့အတွက် အမျိုးသမီးတွေပါဝင်မှုနဲ့ ခေါင်းဆောင်မှုကို NUCC က အလေးထား တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုက အမျိုးသမီးနဲ့ ကလေးတွေကို မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်တစ်ခုအဖြစ် ဒီနေ့အချိန်ထိ ကျူးလွန်နေတာဖြစ်တယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ပြစ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အရေးယူပေးဖို့လည်း တောင်းဆိုတယ်လို့ဆိုပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WOMEN'S LEAUGE OF BURMA (WLB) ကစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုဝင်ဘာလ (၂၅) ရက်နေ့အထိ အိမ်တွင်းအကြမ်းမှု (၁၁၁) မှု၊ အရပ်သား ကျူးလွန်တဲ့ မုဒိမ်းမှု(၁၄)မှုနဲ့ စစ်တပ်ကကျူးလွန်ထားတဲ့ မုဒိမ်းမှု(၁၆) မှုထက်မနည်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းထားတဲ့ကာလမှာ အမျိုးသမီး (၃၀၈) ဦးကို စစ်ကောင်စီက သတ်ဖြတ်ထားပြီး အမျိုးသမီး(၃၄၃၄) ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...