လောင်းလုံးမြို့နယ်ပညာရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

လောင်းလုံးမြို့နယ်ပညာရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပျဉ်စသီမော်ကျေးရွာနဲ့ပြင်ကြီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီလောက်က စစ်ကောင်စီ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးကနေ ဆိုင်ကယ်နဲ့လာတဲ့ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုးကို ပျဉ်စသီမော်ကျေးရွာ သချိုင်းအနီးမှာ အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပေမယ့် မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုးဟာ မထိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်ပညာရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အား ၄၀ လောက်ဟာ သဗျာကျေးကျေးရွာနဲ့ပျဉ်စသီမော်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ချောင်းတောဝကျေးရွာထဲကို ဝင်မွှေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ချောင်းတောဝရွာကို ဝင်မွှေချိန်မှာ နေအိမ် ၂ လုံးထဲက ရွှေ၊ငွေ၊လက်ဝတ်လက်စားတွေနဲ့ ဖုန်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ မြို့နယ်ပညာရေးမှူးကို မည်သည့်အဖွဲက ပစ်ခတ်ခဲ့လဲဆိုတာ မသိရသေးသလို လောင်းလုံးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ခုဖြစ်တဲ့ DDT နဲ့ လောင်းလုံး(ပကဖ)ကတော့ သူတို့ ပစ်ခတ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

လောင်းလုံးမြို့နယ် ပညာရေးမှူးဟာ CDM ပညာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့ ဖိအားပေးတာ၊ ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...