တနင်္သာရီတိုင်းက စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေ

တနင်္သာရီတိုင်းက စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေ

တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ရိက္ခာနဲ့ ဆေးဝါးတွေအပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင် ထောက်ပံ့ကူညီရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

ဒီတိုက်ပွဲတွေကြောင့် ပုလော၊ တင်နင်္သာရီ၊ ရေဖြူ၊ ပုလော၊ ထားဝယ်၊ သရက်ချောင်း စတဲ့ မြို့နယ်က ဒေသခံပြည်သူလူထု ၇၀၀၀ ကျော်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတာဖြစ်ပါတယ်။

ဒီလိုနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ နေရာဒေသအပေါ်မူတည်ပြီး စားဝတ်နေရေးနဲ့ ဆေးဝါး လိုအပ်ချက်တွေ ပိုမို ဖြစ်ပေါ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင် ထောက်ပံ့ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာ သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းအားလုံးနီးပါးကို စစ်ကောင်စီဘက်က ပိတ်ဆို့ ရှာဖွေသိမ်းဆည်းမှုတွေလည်း လုပ်ဆောင်နေတာကြောင့် သယ်ယူဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ ထွက်ပြေးလာရင်းကနေ ပါလာတဲ့ စားသောက်စရာတွေနဲ့ ကြိုတင်စုဆောင်း ထားတဲ့ ရိက္ခာတွေနဲ့သာ အဓိက မှီခိုနေရပြီး ခြိုခြုံချွေတာ စားသောက်နေရတာပါ။

တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူတွေဟာ တောတောင်ဥယျဉ်ခြံမြေ၊ နီးစပ်ရာဆွေမျိုးနေအိမ်၊ ဘုန်းတော်ကြီးကျောင်း၊ လွတ်မြောက်နယ်မြေတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင် ထောက်ပံ့ကူညီရေးအဖွဲ့ကနေ သိရပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...