မွန်တွင် လုံ/နယ်ဝန်ကြီး ဦးဆောင်ပြီး တရားမဝင် ကုန်သွယ်မှုပြုလုပ်နေဟုဆို

မွန်တွင် လုံ/နယ်ဝန်ကြီး ဦးဆောင်ပြီး တရားမဝင် ကုန်သွယ်မှုပြုလုပ်နေဟုဆို

မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ဦးဆောင် လုပ်ဆောင်နေကြောင်း ကုန်သည်များက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ကာ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

သို့သော် ငွေကြေးပေးဆောင်ထားသည့် မွန်ပြည်နယ် လုံ/နယ်ဝန်ကြီးနှင့် ပတ်သက်သော ထိုင်းကုန်တင်ယာဉ် များကိုမူ စစ်ဆေးမှုမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက “လက်ရှိ စစ်အစိုးရရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းကုန်ပစ္စည်းတွေ ကို တရားမဝင်ကုန်စည်ဆိုပြီး ဖမ်းဆီးနေပေမယ့် လုံ/နယ် ဝန်ကြီးကို ငွေပေးထားသူတွေကတော့ အလွယ်တကူ ကုန်တွေကို သယ်လို့ ရနေတယ်” ဟု သံလွင်တိုင်းမ်သို့ ပြောသည်။

မွန်ပြည်အတွင်း ဝင်ရောက်လာသည့် ထိုင်းကုန်ပစ္စည်းများကို ကားအရွယ်အစားနှင့် ကုန်ပစ္စည်းအမျိုးအစား အပေါ် မူတည်ကာ လုံ/နယ်ဝန်ကြီးထံ ကျပ်သိန်းရာနှင့်ချီ ပေးဆောင်ရပြီး ငွေကြေးပေးမှသာ ကုန်ပစ္စည်း သယ် ဆောင်ခွင့်ရရှိခြင်း ဖြစ်သည်။

ထိုသို့ ငွေကြေးပေးဆောင်ပါက မွန်ပြည် လုံ/နယ်ဝန်ကြီးမှတစ်ဆင့် ပဲခူးနှင့် ရန်ကုန် လုံ/နယ်ဝန်ကြီးများဆီသို့ အဆင့်ဆင့်ချိတ်ဆက်ကာ သတ်မှတ်နေရာအထိ သယ်ယူခွင့်ရနေကြောင်း ကုန်သည်များက ဆိုသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံမှ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေးပစ္စည်းများကို အဓိကအားထားနေရသော်လည်း စစ်အုပ်စုက တရားဝင်သွင်းကုန်လိုင်စင်များကို တင်းကျပ်ထားခြင်းကြောင့် မှောင်ခိုဈေးကွက်များ ပေါ်ပေါက်လာကာ အာဏာရှိသူများက အဂတိလိုက်စားမှုများ ပြုလုပ်နေကြကြောင်း ကုန်သည်များက ဆိုသည်။

စစ်အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်။ / MOI
September 21, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်းထားသည့် စစ်အုပ်စု အစိုးရသည် အကောင်အထည်ဖော်နေသော ငြိမ်းချမ်း ရေး...
September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...