တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သားပြည်သူ ၂၃ ဦး သေဆုံး

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သားပြည်သူ ၂၃ ဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၂၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ပါတယ်။

Southern Monitor အဆိုအရ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ဆိုင်ကယ်စီးနင်းသူတွေကို လုံခြုံရေး အကြောင်းပြပြီး ပစ်ခတ်ဖမ်းဆီးတာ၊ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲတို့ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးနေတာပါ။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး၊ သွေးသောက်၊ စစ်တပ် သတင်းပေးသူတွေ အပါအဝင် အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ရှင်းလင်းမှုတွေကြောင့် သေဆုံးနေတာ ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်း အရပ်သားပြည်သူ သေဆုံးမှုဟာ ရေဖြူ ၊ ထားဝယ်၊လောင်းလုံး၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တို့မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး ရေဖြူနဲ့ထားဝယ်မြို့နယ်မှာတော့ အများဆုံး သေဆုံးခဲ့တာပါ။

Southern monitor အဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ အခုပြုစုထားတဲ့ အချက်အလက်တွေဟာ လက်နက်မကိုင်ထားရှိခြင်း မရှိဘဲ သတ်ဖြတ်ခံလိုက်ရတဲ့သူတွေကို စာရင်းပြုစုထားတာ ဖြစ်ပြီး မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ အချို့ဖြစ်စဉ်တွေမှာ မှားယွင်းသတ်ဖြတ်ခံရတာ၊ မိသားဝင်တွေပါ ထိခိုက်သေဆုံးတာတွေအပြင် ခရီးသွားပြည်သူအချို့လည်း မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ်စက်တင်ဘာလကုန်ထိ အရပ်သားပြည်သူ ၂၄၇ ဦး သေဆုံးထားတယ်လို့ Southern Monitor အဖွဲ့က ဆိုထားပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...