ပွင့်ဖြူမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အပါအဝင် ဒေသခံ ၂၀ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ပွင့်ဖြူမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အပါအဝင် ဒေသခံ ၂၀ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

မကွေးတိုင်း၊ စေတုတ္တရာမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပွင့်ဖြူမြို့နယ် NLD ပါတီအလုပ်အမှူဆောင် အပါအဝင် ဒေသခံ ၂၀ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ပွင့်ဖြူမြို့နယ် NLD ပါတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ NLD ပါတီ အလုပ်မှုဆောင် ဦးဝင်းဇော်ဦး အပါအဝင် ဒေသခံ ၁၁ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေ ဖြစ်တဲ ပုဒ်မ ၄၉ (ခ)၊ ၅၂ (က) နဲ့ ထောင်ဒဏ် ၂၅ နှစ်စီ၊ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တရားစွဲထားတဲ့ ဒေသခံ ၉ ဦးကို ထောင်ဒဏ် ၂၀ နှစ် အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီကတော့ NLD ပါတီ အလုပ်မှုဆောင် ဦးဝင်းဇော်ဦး အပါအဝင် ဒေသခံ ၂၀ ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးထားတဲ့ ဒေါင်းနေ အကျဉ်းထောင် အထူး တရားရုံးကနေ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။

နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတဲ့ NLD ပါတီ အလုပ်မှုဆောင်နဲ့ ဒေသခံတွေဟာ ဖမ်းဆီးစဉ် တူမီးသေနတ် ၂ လက်အပြင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပါဝင်တဲ့ စေတုတ္တရာမြို့နယ် NLD ပါတီဝင် ဒေါ်အေးအေးအောင်ကိုတော့ စစ်ကောင်စီက ပုဒ်မ ၅၀ (က) ၊ ၅၂ (က) တွေနဲ့ ထောင်ဒဏ်နှစ် (၂၀) ချမှတ်ထားခဲ့သလို အခုချိန်မှာလည်း အလားတူ ပုဒ်မတွေနဲ့ ထောင်ဒဏ်နှစ် (၂၀) ထပ်မံချမှတ်ခဲ့တဲ့အတွက် ထောင်ဒဏ် နှစ် ၄၀ ထိ ချမှတ်ခံထားရတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင်တွေနဲ့ နီးစပ်သူတွေကို စစ်ကောင်စီက ပိုမိုဖိနှိပ်တာတွေလုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူ ၁၅၀၀၀ ကျော်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...