သုံးလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သန်း ၆၃၀ ကျော် ကျဆင်းခဲ့

သုံးလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သန်း ၆၃၀ ကျော် ကျဆင်းခဲ့

စစ်ကောင်စီက ပြန်လည်သတ်မှတ်လိုက်တဲ့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလတာ ဧပြီကနေ ဇွန်လအတွင်း ရရှိခဲ့တဲ့ နယ်စပ်ကုန်သွယ်မှုပမာဏကို ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာသန်း ၆၃၀ ကျော် ကျဆင်းခဲ့တယ်လို့ ISP-Myanmar က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အဆိုအရ စစ်ကောင်စီရဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊မေနဲ့ ဇွန်လအတွင်း ပို့ကုန်၊ သွင်းကုန် နယ်စပ်ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ နီးပါးရှိခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ဧပြီကနေ ဇွန်လအတွင်းမှာတော့ အမေရိကန်ဒေါ်လာ ၂၆၀၀ ရရှိခဲ့တာကြောင့် ကာလတူ နှိုင်းယှဉ်ကြည့်ရင် စုစုပေါင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၆၃၅ သန်းကျော် လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ပို့ကုန်ကဏ္ဍမှာဆိုရင် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ကျော်နဲ့ သွင်းကုန်ကဏ္ဍမှာတော့ အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော် ကျဆင်းခဲ့တာပါ။

အဲဒီ ကာလတူနှိုင်းယှဉ်ချက်တွေမှာဆိုရင် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံနဲ့ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၃၀၀ ကျော် ရှိခဲ့သလို နယ်စပ်ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးရဲ့ ၆၆ ရာခိုင်နှုန်းအထိ ရှိနေတာပါ။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးထိန်းချုပ်မှု ၊ နယ်စပ်ကုန်သွယ်မှု မူဝါဒတွေကို ကန့်သတ်မှုတွေ ရှိခဲ့တဲ့အတွက်ကြောင့် ကုန်သွယ်မှုတန်ဖိုး ကျဆင်းခဲ့တာလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ နယ်စပ်ကုန်သွယ်မှုအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ အဓိက ကုန်သွယ်နေတာပါ။

အဲဒီထဲမှာတော့ မြန်မာနိုင်ငံဟာ လယ်ယာထွက်ကုန်တွေကို ထိုင်းနဲ့တရုတ်နိုင်ငံတွေထံ အများဆုံးတင်ပို့ ရောင်းချနေတာဖြစ်ပြီး အဲဒီနိုင်ငံတွေကတော့ မြန်မာနိုင်ငံထဲကို အခြေခံစားသောက်ကုန်၊ဆေးဝါး၊ အလှကုန်၊လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အဓိက တင်သွင်းနေတာဖြစ်ပါတယ်။

ISP-Myanmar ဟာ အခုအချက်အလက်ကိန်းဂဏန်း ပမာဏတွေကို စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် ကိုးကားပြီး ပြန်လည် ဖော်ပြထားတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...