မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ တည်းခိုနေထိုင်ရာ နေရာ ၂ ခု စီးနင်းခံရ၍ အခက်အခဲများ တွေ့ကြုံနေ သဖြင့် အကူအညီများလိုအပ်နေ

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ တည်းခိုနေထိုင်ရာ နေရာ ၂ ခု စီးနင်းခံရ၍ အခက်အခဲများ တွေ့ကြုံနေ သဖြင့် အကူအညီများလိုအပ်နေ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Mandalay People Rescue (MPR) မြို့ပြပြောက်ကျား အဖွဲ့ တည်းခိုနေထိုင်ရာ နေရာ (Safe House) နှစ်ခုကို စစ်ကောင်စီအဖွဲ့များက ဇူလိုင် ၁၇ ရက်တွင် ဝင် ရောက်စီးနင်းခဲ့၍ အခက်အခဲများနှင့်ကြုံတွေ့နေရပြီး ပြည်သူများ၏ထောက်ပံ့ကူညီမှုများ လိုအပ်နေ ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှဝင်ရောက်စီးနင်းမှုကြောင့် လက်နက်များလည်းသိမ်းဆည်းခံခဲ့ရရာ လက်ရှိတွင် Mandalay People Rescue (MPR) မြို့ပြပြောက်ကျားအဖွဲ့၏ တစ်ပတ်အတွင်းဝယ်မည့် လက်နက် အတိုဖိုး ၃၅ သိန်းလိုအပ်လျက်ရှိပြီး နှစ်ရက်တာအလှူခံရငွေ ၂၂၄,၀၀၀ ကျပ်သာရရှိသေးကြောင်း၊ NUG နှင့်အခြားမဟာမိတ်အဖွဲ့များကို အကူညီတောင်းထားသော်လည်း ယခုထိစာမပြန်သေးကြောင်း၊ လက်ရှိ တွင် ပြည်သူများသာအားကိုးရာဖြစ်သောကြောင့် အားလုံးမှဝိုင်းဝန်းကူညီကြရန် Mandalay People Rescue (MPR) မြို့ပြပြောက်ကျားအဖွဲ့မှ တောင်းဆိုထားသည်။

“ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းမှာ ကျနော်တို့ရဲ့ Safe House နှစ်လုံးဝင်စီးခံရပါတယ်။ ရဲ သတင်းပေး ကြောင့် အခုလို ဝင်စီးခံရတာပါ။ သေနတ်အတိုလေးလက်နဲ့ ကျည် ၂၃၀ လောက် ပါသွားတယ်ဗျ။ အဖွဲ့ဝင် တွေတော့ တယောက်မှ ပါမသွားပါဘူး။ အားလုံး အန္တရာယ်ကင်းစွာနဲ့ အဲဒီနေရာတွေကနေ ထွက်နိုင်ခဲ့ ကြ ပါတယ်။ ခုချိန်မှာ မစ်ရှင်လုပ်ဆောင်ဖို့ လက်နက်မရှိတာ၊ အဖွဲ့သားတွေနေထိုင်ဖို့အတွက် နေအိမ်အခက် အခဲတွေ ဖြစ်ပေါ်နေပါတယ်။

ပြည်သူတွေရဲ့ အထောက်အပံ့အကူအညီ အင်မတန်မှ လိုအပ်နေပါတယ်။ ကူညီလှူဒါန်းလိုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ Page Messenger မှာလာရောက်ဆက်သွယ်နိုင်ပါတယ်” ဟု MPR သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုထူးအောင်က ဆိုသည်။

MPR အဖွဲ့သည် မန္တလေးတွင် အခြေပြု လှုပ်ရှားနေသည့် မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီ ထောက်တိုင် များအားသုတ်သင်ရှင်းလင်းခြင်းနှင့် မြို့ပေါ်ရှိ စစ်ကောင်စီလက်နက်ကိုင်များ၏နေရာများကို ဗုံးပစ်တိုက် ခိုက်ခြင်းများကို ပြုလုပ်နေသောအဖွဲ့ဖြစ်သည်။

မန္တလေးမြို့တွင် မြို့ပြပြောက်ကျားအဖွဲ့များနှင့် မြေပြင်ဆန္ဒပြလှုပ်ရှားမှု အားကောင်းမလာစေရန် ထောက်ပို့နှင့် UG များကို စစ်ကောင်စီကပိုက်စိပ်တိုက်ဖမ်းဆီးမှုများပြုလုပ်နေလျက်ရှိရာ မန္တလေး UG တပ်ဖွဲ့ဝင် ၁၀၀ ခန့်ထိ ဖမ်းဆီးခံထားရပြီး ထိခိုက်ဒဏ်ရာရထားသူများလည်းရှိကြောင်း သိရသည်။

ထောက်ပို့နှင့် မြို့ပြပြောက်ကျားအဖွဲ့များအားဖမ်းဆီးရာတွင် စစ်ကောင်စီအနေဖြင့် သတင်းပေးဒလန် များ၊ CCTV မှတ်တမ်းများအပြင် ဖမ်းဆီးရမိသူကိုဓားစာခံပြုလုပ်၍ ကျန်အဖွဲ့ဝင်များအား ဖုန်းဆက်ချိန်း ဆိုခြင်း၊ နေရာလိုက်ပြခိုင်းခြင်း၊ အလှူငွေလှူဒါန်းလို၍ နေရာသတ်မှတ်ချိန်းဆိုခေါ်ယူခြင်း၊ Safe House များအားဝင်ရောက်စီးနင်းခြင်း စသည့်နည်းလမ်းများဖြင့် ဖမ်းဆီးနေကြခြင်းဖြစ်သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...