ငပုတော NLD လွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုး

ငပုတော NLD လွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ကိုသက်ပိုင်စိုးသည် ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီထံခံဝန်လက်မှတ်ထိုးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရသည်။

ကျုံပျော်မြို့တွင်ပြုလုပ်သည့် PDF သင်တန်းဆင်းများ အလင်းဝင်ပွဲတွင် ခံဝန်လက်မှတ်ထိုးခဲ့ခြင်းဖြစ် သည်ဟု ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ငပုတောလွှတ်တော် ကိုယ်စားလှယ်ကိုသက်ပိုင်စိုး စစ်ကောင်စီထံ ခံဝန် လက်မှတ်ထိုးခဲ့သည်ဟု ကောလာဟလသတင်းများထွက်ပေါ်ခဲ့သည်မှာ မဟုတ်မှန်ကြောင်း၊ ဇူလိုင်လ ၂၁ ရက်နေ့ကမှ ခံဝန်လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း ကိုသက်ပိုင်စိုးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုသက်ပိုင်စိုးက အလင်းဝင်တဲ့သဘောမျိုးတော့မဟုတ်ဘူး၊ တခြားလူတွေနဲ့ ရောပြီးလုပ်ရတာဆိုတော့ ခေါင်းစဥ်ခွဲပြီးလုပ်လို့ မရဘူးဖြစ်သွားတာပါ။ သူက ခံဝန်လက်မှတ်ထိုးတဲ့သဘောပါပဲ။ သူ့ကို အများကြီး စစ်ဆေးမေးမြန်တာမျိုးတွေ မရှိပါဘူး” ဟု ကိုသက်ပိုင်စိုးနှင့်နီးစပ်သူက ဆိုသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း၊ ကညင်ချောင်းရွာတွင် ရှောင်တိမ်းနေ သည့် ကိုသက်ပိုင်စိုး၏ ဇနီးနှင့် ၁၀ လ အရွယ်သမီးငယ်တို့ကို စစ်ကောင်စီတပ်များနှင့် ရဲများက ဖမ်းဆီး သွားပြီးနောက် ကိုးရက်ခန့်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ကိုသက်ပိုင်စိုးသည် ၎င်း၏ မိသားစုဝင်များ ပြန်လည်လွတ်မြောက်လာပြီး သုံးလနီးပါးအကြာတွင် စစ်ကောင်စီထံ ခံဝန်လက်မှတ် ထိုးခဲ့ခြင်းဖြစ်သည်။

ကျုံပျော်မြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် PDF သင်တန်းဆင်းများအလင်းဝင်ပွဲတွင် စုစု ပေါင်းငါးဦး ခံဝန်လက်မှတ်ထိုးခဲ့သည်ဟုသိရပြီး၊ ၎င်းတို့အနက် PDF အသိုင်းအဝိုင်းနှင့် နီစပ်သူ တစ်ဦး သာပါဝင်ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ၏ပြောပြချက်အရသိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...