ပြည်မြို့က ၇တန်းကျောင်းသား ၅ဦးကို Kaung for you ကျောင်းတက်သည်ဟု စွပ်စွဲပြီး ဖမ်းဆီး

ပြည်မြို့က ၇တန်းကျောင်းသား ၅ဦးကို Kaung for you ကျောင်းတက်သည်ဟု စွပ်စွဲပြီး ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ယမန်နေ့ ဇူလိုင် ၁၉ရက်နေ့ ည ၁၀နာရီဝန်းကျင်၌ အသက်မပြည့်သေးသည့် သတ္တမတန်းကျောင်းသား ငါးဦးကို စစ်ကောင်စီမှ အင်အားအများအပြားနှင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များသည် Kaung for you အွန်လိုင်းစာသင်ကျောင်းတွင် ကျောင်းတက်နေသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီမှ ဖမ်းဆီးလိုက်ကြောင်းသိရသည်။

“ ကလေးတွေအဖမ်းခံရတာဟုတ်ပါတယ် ၁၄၊ ၁၅အရွယ်လေးတွေပါ၊ လောလောဆယ်တော့ (၇၅)တပ်မှာဖမ်းထားတယ်လို့တော့ သိထားတယ်၊ မိဘတွေတော့ မျက်ရည်နဲ့မျက်ခွက်ပေါ့၊ လောလောဆယ်တော့ သူတို့အုပ်ထိန်းသူတွေ ဘယ်လိုဆက်လုပ်မလဲတော့ မသိသေးဘူး၊ မြန်မာနိုင်ငံမှာပဲရှိမယ်ထင်တယ် စာသင်လို့အဖမ်းခံရတယ်ဆိုတာ”ဟု ဒေသခံတစ်ဦးမှပြောသည်။

ပုထိုးကြီး၊ ပွင့်လှသိမ်းကုန်း၊ ညဈေးတန်းတို့မှ လူငယ် ငါးဦးကို စစ်ကား ငါးစီးဖြင့် အတင်းအဓမ္မခေါ်ဆောင်သွားကြောင်း သိရသည်။ Kaung for youကျောင်းအုပ် ဦးကောင်းသိုက်စိုးနှင့် CDMကျောင်းဆရာတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် ဇူလိုင်လ၁၃ရက်နေ့၌ စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ဖမ်းဆီးခံရပြီးနောက် ဇူလိုင်၂၀ရက်နေ့အထိ အဆိုပါကျောင်းတွင် စာသင်နေသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားများ ၃၀ကျော် ဖမ်းဆီးခံခဲ့ရကြောင်း CDMပညာရေးဝန်ထမ်းများထံမှ သိရသည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...