ထားဝယ်မြို့တွင် အမျိုးသမီး ၈ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

ထားဝယ်မြို့တွင် အမျိုးသမီး ၈ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ယခု ရက်ပိုင်း အတွင်း စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီး ရှစ်ဦးကို ၎င်းတို့၏ နေအိမ်များ၌ လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ဇူလိုင်လ ၁၅ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ထားဝယ်မြို့နယ် ၊ဝဲကျွန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး သုံးဦးနှင့် ကြက်စားပြင်၊ ဒေါင်းငူ၊ ဘုမ္မော်ရပ်ကွက် စသည့် နေရာတို့တွင် အမျိုးသမီး ငါးဦး စုစုပေါင်း ရှစ်ဦး စစ်ကောင်စီတပ် ဖွဲ့၏ ဖမ်းဆီးခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခြင်းခံရသည့် အမျိုးသမီး တချို့တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကျောင်းဆက်တက်ခြင်းမရှိဘဲ နေအိမ်တွင် နေထိုင်နေသည့် တက္ကသိုလ်ကျောင်းသူများလည်း ပါဝင်နေကြောင်း ဖမ်းဆီးခံ မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။

ထားဝယ်မြို့ခံ တစ်ဦးက"ဖမ်းဆီးခံရတာက အမျိုးသမီး သီးသန့် ဖြစ်နေတယ်။ သူတို့က နိုင်ငံရေး ဘာမှမလုပ်တဲ့ သူတွေဖြစ်တယ် အခုဆို လူမသိ သူမသိ ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်တယ်"ဟု ပြောသည်။

ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက မြို့ပေါ်ရှိ CDM ဆရာ၊ ဆရာမများကို လိုက်လံ ဖမ်းဆီးရန် စစ်ကောင်စီတပ် ဗိုလ်ကြီး အဆင့်ရှိသူက အမိန့်ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံရသူများ ဆက်တိုက် ရှိလာ‌နေကြောင်း သိရသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...