စစ်ကောင်စီက နိုင်ငံခြားသားနှင့် မြန်မာဖက်စပ်ကုမ္ပဏီများ ၁ ဒေါ်လာလျှင် ကျပ် ၁,၈၅၀ ဖြင့်လဲလှယ်ရမည်ဟု ညွှန်ကြားထားပြီး လိုက်နာခြင်းမရှိပါက အရေးယူမည် ဟုဆို

စစ်ကောင်စီက နိုင်ငံခြားသားနှင့် မြန်မာဖက်စပ်ကုမ္ပဏီများ ၁ ဒေါ်လာလျှင် ကျပ် ၁,၈၅၀ ဖြင့်လဲလှယ်ရမည်ဟု ညွှန်ကြားထားပြီး လိုက်နာခြင်းမရှိပါက အရေးယူမည် ဟုဆို

လက်ရှိပြင်ပတွင် အမေရိကန်ဒေါ်လာဈေး ငွေကျပ် ၂,၃၀၀ နီးပါးရှိနေသော်လည်း နိုင်ငံခြားသားနှင့် မြန်မာဖက်စပ် ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို တစ်ဒေါ်လာလျှင် ၁,၈၅၀ကျပ် ဖြင့်သာ ငွေလဲလှယ်ရန် စစ်ကောင်စီက ညွှန်ကြားထားပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟုဆိုထားသည်။

စစ်ကောင်စီသည် နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ၃၂ / ၂၀၂၂ အစည်းအဝေးက ဆုံးဖြတ်ကြောင်း ဇူလိုင် ၁၅ ရက်ပါနေ့စွဲဖြင့် ညွှန်ကြားချက် စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ညွှန်ကြားချက်အရ ကုမ္ပဏီများ၏ နိုင်ငံခြားငွေ စာရင်းများအားလုံးကို ယနေ့ (ဇူလိုင်လ ၁၈ ရက်)နေ့ နောက်ဆုံးထား မြန်မာငွေလဲလှယ်ရန်နှင့် ညွှန်ကြားချက်အား မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

ပြည်တွင်းရှိကုမ္ပဏီများ၏ ဒေါ်လာများအား အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယခုလို သုံးသပ်ပြောဆိုထားသည်။

" ပြည်တွင်းကလုပ်ငန်းတွေ၊ စက်ရုံအများစုတွေဟာ နိုင်ငံခြားသားနဲ့စပ်တူများတယ်။ စစ်ကောင်စီအနေနဲ့ ပြည်ပကဝင်လာတဲ့ နိုင်ငံခြားငွေကို သူတို့သတ်မှတ်တဲ့ ၁,၈၅၀ နဲ့ပြန်လဲပေးပြီး ပြည်ပကိုပြန်လည်ပေးချေရတဲ့အခါ ဒီနှုန်းထားနဲ့ပေးချေလို့မရဘူး။ အရမ်းအခက်တွေ့နေကြတယ်။ လက်ရှိအပြင်မှာက သူတို့ပြောတဲ့ ၁,၈၅၀ နဲ့ ဘယ်သူမှ အရောင်းအဝယ်မလုပ်ကြဘူး။ ဒီလိုလုပ်နေတာတွေဟာ ဒေါ်လာဈေးနှုန်းပြန်မြင့် တက်ပြီး ကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ငွေကြေးစီးဆင်းမှုကိုလည်း တိုက်ရိုက် ရိုက်ခတ်မှုရှိနိုင်တာကြောင့် ကုမ္ပဏီတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ပိုမိုကြုံတွေ့ရနိုင်တယ်" ဟု အဆိုပါလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့် အထက်ရှိသည့် ကုမ္ပဏီများအား နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်တွင် ပယ်ဖျက်ခဲ့သည်။

ထို့အပြင် ပြည်တွင်းနေပြည်သူများ၏ ပြည်ပချေးငွေများအား လတ်တလောပြန်လည် ပေးဆပ်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...