ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိ အမှု ၄ မှု အပြီးသတ်လျှောက်လဲချက် ကြားနာမည်

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိ အမှု ၄ မှု အပြီးသတ်လျှောက်လဲချက် ကြားနာမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့် အမှု လေးမှုကို လာမည့် ဇူလိုင် ၂၅ရက်နေ့ ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော်အချုပ်ထောင်အတွင်းရှိ တရားရုံးတွင် ဆက်လက်ကြားနာနေသည့် အဆိုပါအမှုများနှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများထံမှ အပြီးသတ်လျှောက်လဲချက် ကြားနာပြီးပါက အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်သည်။

ဇူလိုင်၁၁ရက်နေ့ရုံးချိန်းတွင် အဆိုပါ အမှုလေးမှုထဲမှ အမှုနံပါတ် ၅/၂၀၂၁နှင့် ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ယင်း အဂတိအမှုလေးမှုကို စွဲချက်တင်ကြောင်း အထူးတရားရုံးက မေလ ၂၄ ရက်နေ့ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့ကာ စွပ်စွဲခံရသူများဘက်က အပြစ်မရှိကြောင်း ထွက်ဆိုထားသည်။ အဆိုပါ အမှုလေးမှု၏ တရားလိုမှာ စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူး ဦးရဲထက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း အမှုအချို့တွင် ပူးတွဲ စွဲဆိုထားသည်။

အမှု လေးမှုထဲမှ တစ်မှုမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၆၀ရှိ မြေ ၁ဒသမ ၈၆ဧကနှင့် အဆောက်အဦကိစ္စတို့နှင့် ပတ်သက်ကာ စွပ်စွဲထားခြင်းဖြစ်သည်။

ကျန်သုံးမှုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော် လရောင်တောတွင် စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ဒသမ ၈၅၅ဧကလျှောက်ထားရယူသည့် ကိစ္စ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ နေထိုင်ရန် တစ်ထပ်အဆောက်အဦကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းငွေဖြင့် ဆောက်သည်ဆိုသည့်ကိစ္စတို့နှင့် ပတ်သက်ကာ စွပ်စွဲတရားစွဲထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုခြောက်မှုအတွက်ထောင်ဒဏ် ၁၁နှစ်ကျခံနေရပြီး ကျန်သည့်အမှုများဖြင့်လည်း ဆက်လက်တရားရင်ဆိုင်နေရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...