ပေါင် မြို့မရဲစခန်း အချုပ်သား ၁၇ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ပေါင် မြို့မရဲစခန်း အချုပ်သား ၁၇ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ပေါင်မြို့ မြို့မရဲစခန်းမှ အချုပ်သား၁၇ ဦး ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ရက်သတ္တတစ်ပတ်ခန့် ဖျားနေသူ အချုပ်သားတစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ဆေးကြည့်ရာမှ ၎င်းနှင့်နီးစပ်သူများကို ထပ်မံစစ်ဆေးရာ ကိုဗစ်ရောဂါပိုးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

"ဖျားနေလို့ဆိုပြီး စစ်လိုက်တာတွေ့တာပဲ။ သူ့ကိုအောက်ဆီဂျင်ပေးထားရပေမယ့် အခြေအနေကောင်းပါတယ်၊ သူနဲ့ စပ်ဆက်တဲ့ ၃၂ ဦးကို ထပ်စစ်တော့ ၁၆ ဦးမှာ ကိုဗစ်ပိုး ထပ်တွေ့ပြန်တယ်"လို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပိုးတွေ့ရှိသူမှာ ပေါင်မြို့နယ် ကျွဲခြံကျေးရွာမှ အသက်(၄၅)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်ထိစပ်သူ အခြားအမျိုးသား ၁၆ ဦးတွင်လည်း ပိုးတွေ့ရှိခဲ့သည်။

ပေါင်မြို့နယ်တွင်ကိုဗစ် ၁၉ရောဂါပိုး ကင်းစင်နေသည်မှာ နှစ်လခန့်ရှိပြီး ယမန်နေ့တွင် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

ပိုးကူးစက်ခံရသည့်အမျိုးသားမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ဗီဇမျိုးကွဲပိုး အိုမီခရွန်မဟုတ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ပေါင်မြို့နယ်တွင် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးသူဦးရေ ၈ သောင်းကျော်အထိရှိပြီး အောက်ဆီဂျင်လိုအပ်မှု မရှိသောကြောင့် ပေါင်မြို့နယ် အောက်စီဂျင်စက်ရုံ ယာယီပိတ်ထားရကြောင်း သိရသည်။

Most read this week

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...