အိုမီခရွန်ဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သင့်ပြီဟုဆို

အိုမီခရွန်ဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သင့်ပြီဟုဆို

မွန်ပြည်နယ်အတွင်း ကိုဗစ်‌ေရာဂါမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ကိုဗစ်အရေးကူညီနေသူများက ဆိုသည်။

ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်း ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သောကြောင့် ဖြစ်ပွားမှုနှုန်း များခဲ့ခြင်းဖြစ်ပြီး အိုမီခရွန်ဗိုင်းရပ်စ်ရောက်မလာခင် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်း စေတနာဝန်ထမ်း ဆရာဝန်တစ်ဦးက တိုက်တွန်းပြောဆိုသည်။

” အိန္ဒိယမှာ တွေ့ပြီဆိုတော့ ကျွန်တော်တို့လည်း အသင့်ပြင်ထားရမယ့် အချိန်ရောက်ပြီပေါ့။ တစ်လအတွင်းကို ရောက်လာနိုင်တဲ့သဘောပေါ့။ အိန္ဒိယတစ်ခုထဲပဲ ကြည့်လို့မရဘူး။ နယ်စပ်ဒေသတွေကိုလည်း ကြည့်ရမယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် တွေ့ရှိနေပြီဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ မကြာမီ ရောက်လာနိုင်ကြောင်း၊ ထို့အတူ ထိုင်းနိုင်ငံမှ ဝင်ရောက်လာမည့်သူများကိုလည်း ကျန်းမာရေးစစ်ဆေးမှုများ ပိုမိုဂရုစိုက်ကာ စစ်ဆေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း သက်ဆိုင်ရာဌာနပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံဖြင့် ကြိုတင်ပြင်ဆင်ထားပါက အကောင်းဆုံးဖြစ်နိုင်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြောရမယ်ဆိုရင်တော့ ရောဂါက ပထမအကြိမ်တုန်းကလည်း ကြိုတင်ပြင်ဆင်မှုအားနည်းလို့ အထိနာခဲ့တယ်လေ။ အခုကတော့ ဘက်ပေါင်းစုံကနေ ကြိုတင်ပြင်ဆင်ထားတာတော့ အကောင်းဆုံးပဲ။ ကျွန်တော်‌ေတွ့တာတော့ Q Center တွေကလည်း ပြင်ဆင်ထားတာတော့ အဆင့်သင့်ကိုပဲ ဒီတိုင်းပဲ ပြင်ထားပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းလည်း ငြိမ်သက်နေပြီဖြစ်သောကြောင့် ပြန်လည်မဖြစ်ပွားရန် ဂရုစိုက်ရမည်ဖြစ်ကြောင်း ဆက်ပြောသည်။

ပြည်သူများအနေဖြင့်လည်း မပေါ့ဆဘဲ စနစ်တကျ Mask တပ်ဆင်ခြင်း၊ နေထိုင်ခြင်းများကို ပြုလုပ်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောသည်။

သို့ရာတွင် တောင်အာဖရိကတွင် ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားနေစဉ် ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲသည် အခြားဗိုင်းရပ်စ်မျိုးကွဲများလောက် မပြင်းထန်ကြောင်း လေ့လာမှုအသစ်တခုက ကနဦး ပြသနေကြောင်း သတင်းများက ဖော်ပြသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...