မွန်အမျိုးသားကျောင်းများမှ ကျောင်းသူကျောင်းသား ၂၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

မွန်အမျိုးသားကျောင်းများမှ ကျောင်းသူကျောင်းသား ၂၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

မွန်အမျိုးသား စာသင်ကျောင်းများတွင် တက်ရောက်နေသော အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသူ၊ ကျောင်းသား ၂၆၀၀ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းသို့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ရန်အတွက် မွန်အမျိုးသားပညာရေးကော်မတီ MNEC နှင့် ညှိနှိုင်းကာ စာရင်းကောက်ယူခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူက ပြောသည်။

"ဘာလေးတစ်ခု ကျွန်တော်တို့ ပြန်စိစစ်ဖို့ လိုလဲဆိုတော့ ဒီ MNEC ကျောင်းသားတွေက အခြေခံ ပညာကျောင်းမှာ စာရင်းဝင်နေတာ ရှိ၊ မရှိပေါ့။ အခြေခံပညာကျောင်းမှာများ စာရင်းဝင်နေလားပေါ့။ အဲလို အခြေခံပညာကျောင်းမှာ စာရင်းပါပြီး ထိုးပြီးသား ဖြစ်မှာစိုးလို့ အဲဒါလေးကို စိစစ်နေတာပါ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စာရင်းကောက်ယူထားသော ကျောင်းသူ၊ ကျောင်းသား ၂၆၀၀ကျော် ရှိနေပြီး စာရင်းများကို သေချာပြန်လည်စိစစ်နေကြောင်း၊ အခြေခံပညာကျောင်းများတွင် စာရင်းဝင်ခြင်း ရှိ၊ မရှိ သေချာ ပြန်လည်စိစစ်ပြီးပါက ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို စတင်မည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးပေးရန်အတွက် မွန်အမျိုးသားကေျာင်းများတွင် ပြင်ဆင်ထားပြီဖြစ်ကြောင်း မွန်အမျိုးသားကျောင်း ပညာရေးဌာနမှ ဒုတိယတာဝန်ခံ မိခက်နွန်က ပြောသည်။

"ဆေးတွေကိုတော့ ကျွန်မတို့ မွန်အမျိုးသားကျောင်းတွေမှာပဲ ထိုးပေးသွားမှာပါရှင့်"ဟု ပြောသည်။

မွန်ပြည်သစ်ပါတီဦးဆောင်မှုအောက်ရှိ မွန်အမျိုးသားပညာရေးကော်မတီ MNEC တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့၌ မွန်အမျိုးသားစာသင်ကျောင်းများ ၁၃၄ ကျောင်း သီးခြားရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ မွန်အမျိုးသားကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...