ရေးမြို့တွင် ကွမ်းယာရောင်းသူတစ်ဦး သေနတ်အပစ်ခံရပြီးသေဆုံး

ရေးမြို့တွင် ကွမ်းယာရောင်းသူတစ်ဦး သေနတ်အပစ်ခံရပြီးသေဆုံး

ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ မနောသုလမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကွမ်းယာရောင်းချနေသူ ဦးစိုးလွင်ကို နိုဝင်ဘာလ ၂၇ရက်နေ့ နေ့လည်ပိုင်းတွင်အမည်မသိ လူနှစ်ဦးမှသေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ သိရသည်။

အသက် ၄၅ နှစ်အရွယ်ဦးစိုးလွင် ခေါ်ဦးမောင်လုံးကို NCX အမျိုးအစား နက်/ပြာရောင်ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူနှစ်ဦးမှ ဆိုင်ကယ်နောက်တွင် စီးနင်းလာသူသည် ကွမ်းယာ ဝယ်သည့်ဟန်ဖြင့် ချဉ်းကပ်ကာ ပစ္စတိုသေနတ်ဖြင့် (၅)ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဦးစိုးလွင်က ရာအိမ်မှူးရဲ့ညီဖြစ်တယ်။ အဲ့ဒါကြောင့်ပစ်တာဖြစ်မယ်။ ပစ်တဲ့အဖွဲ့အစည်းကတော့ သူတို့ဟာ သူတို့ကြေညာနေတယ်လေ” ဟု ဆိုသည်။

ပစ်ခတ်မှုကြောင့် ဦးစိုးလွင်၏ ယာယက်နံဘေးဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ဦးခေါင်းနောက်စိ ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ဦးခေါင်းနောက်ဘက်  ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်တို့ ရရှိပြီး နေရာ၌ပင်သေဆုံးခဲ့သည်။

အလားတူ အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့၌ ဇွန်လ ၁၄ ရက်နေ့ ညနေကျောင်းဆင်းချိန်တွင် အမည်မသိဆိုင်ကယ်စီးလူ ၂ ဦးက သေနတ်ပစ်ခတ်ခဲ့ရာ လူနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ရာ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...