မွန်ပြည်နယ်အတွင်း ဘီးလင်းတစ်မြို့နယ်သာ Stay at Home ကျန်ရှိ

မွန်ပြည်နယ်အတွင်း ဘီးလင်းတစ်မြို့နယ်သာ Stay at Home ကျန်ရှိ

မွန်ပြည်နယ်အတွင်း ဘီးလင်း မြို့နယ် တစ်ခုသာ Stay at Home အစီအစဉ်တွင် အကျုံးဝင်သည် မြို့နယ်အဖြစ် ကျန်ရှိကြောင်း နိုဝင်ဘာ ၂၄ ရက်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ်၊ ဘီးလင်း၊ ပေါင် နှင့် ချောင်းဆုံမြိုနယ်တို့ကို Stay at Home သတ်မှတ်ခဲ့ရာမှ ကိုဗစ်ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းလာသောကြောင့် မော်လမြိုင်၊ ပေါင်၊ သံဖြူဇရပ် မြိုနယ်တို့ကို နိုဝင်ဘာ ၁၂ ရက်တွင်လည်းကောင်း၊  သထုံမြို့နယ်ကို အောက်တိုဘာ ၂၈ ရက်တွင် လည်းကောင်း၊ ချောင်းဆုံ မြိုနယ်ကို နိုဝင်ဘာ ၂၄ ရက်တွင်လည်းကောင်း Saty at Home သတ်မှတ်ထားသည့် မြိုနယ်ထဲမှ ထပ်မံပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် Stay at Home မြိုနယ်များမှ ပယ်ဖျက်ပေးကာ ဖြေလျော့မှုများ ပြုလုပ်ပေးနေသော်လည်း ကိုဗစ်ရောဂါ လုံးဝပျောက်ကင်းသွင်းခြင်း မဟုတ်ကြောင်း

သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသန်းဦးက ပြောသည်။

"ကိုဗစ်က မပျောက်သွားဘူး။ ဆက်ရှိနေသေးတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ မပေါ့လျော့ဖို့လိုတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း နေထိုင်ဖို့ လိုအပ်နေသေးတယ်"ဟု ၎င်းက ပြောသည်။

ထို့အတူ နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုမှ မြိုနယ် ၂၈ မြိုနယ်ကို နိုဝင်ဘာ ၂၅ ရက်မှ စတင်ကာ Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံတစ်နိုင်ငံလုံးတွင် မြိုနယ် ၁၁ မြို့နယ်သာ Stay at Home သတ်မှတ်ထားသည့် မြိုနယ်အဖြစ် ချင်းပြည်နယ် ဖလမ်း၊ ဟားခါး နှင့်  ထန်တလန်မြို့နယ်၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါနှင့် မြိုင်မြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော် နှင့် မိုးညှင်းမြို့နယ်၊ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးနှင့် သာစည်မြို့နယ်၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တို့ ကျန်ရှိနေ‌ကြောင်း သိရသည်။

ဘီးလင်းမြိုနယ်မှ လူမှုကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ဦးက "ဘီးလင်းမှာလည်း အခု ရောဂါကူးစက်မှု လျော့လာတယ်။ Mask တပ်တာကိုတော့ သတိပေးနေရသေးတယ်။ လူတွေက ကူးစက်မှု လျော့လာတာနဲ့ အရင်လို သွားတယ်။ လာတယ်တွေ ပြန်လုပ်လာတယ်။ ကူးစက်မှုအခြေ‌အနေကို ဆက်ထိန်းထားမှ ဖြေ‌လျော့မှုတွေ ရှိလာမှာလေ"ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း  နိုဝင်ဘာ ၂၅ ရက်အထိ စာရင်းများအရ ကိုဗစ်ရောဂါအတည်ပြုလူနာ ၁၆,၂၇၅ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၃၉၁ ဦး ရှိခဲ့ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် နိုဝင်ဘာ ၂၄ ရက်အထိ စာရင်းများအရ ကိုဗစ်အတည်ပြုလူနာ ၅၂၀,၂၁၃ ဦး ရှိခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း ၁၉,၀၅၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...