မွန်ပြည်သစ်ပါတီ သထုံခရိုင်တွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အစီအစဉ်ကျင်းပ

မွန်ပြည်သစ်ပါတီ သထုံခရိုင်တွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အစီအစဉ်ကျင်းပ

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ သထုံခရိုင်၌ ဖမ်းဆီးမိထားသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အစီအစဉ်တရပ်ကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်စီးသည့် အစီအစဉ်တွင် ဘိန်းစားရွက်နှင့် မူးယစ်ဆေးဝါးမျိုးစုံ ပါဝင်ပြီး ၂၀၂၁ ခုနှစ်အတွင်ဖမ်းဆီး ထိန်းသိမ်းရရှိထားသည့် စိတ်ကြွဆေးပြား ၄၃၀၀ ပြားနှင့် ဘိန်းစာရွက် အလေးချိန် ၂၀၀ ကီလိုဂရမ်ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နာဲကွန်းစိုက်က ပြောသည်။

“တကယ်တော့ ဒီအစီအစဉ်ကို အခါကြီးရက်ကြီးတွေမှ လုပ်ဖို့စီစဉ်ထားတာပါ ဒါပေမယ့် ဒီတလောမှာ မူးယစ်ဆေးဝါးနဲ့ ဘိန်းစားရွက် ဖမ်းဆီးရရှိမှုကပိုများလာတော့ ကြာကြာထားရင် ပျက်စီးကုန်မှာစိုးလို့ စီစဉ်ဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

သထုံခရိုင်အတွင်း တစ်လလျှင် မူယစ်ဆေဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုကြောင့် တရားခံ ၁၅ ယောက်မှ အယောက် ၂၀ ကြား ဖမ်းဆီးရရှိနေပြီး အဆိုပါပြစ်ဒဏ်ကျခံရသူများအား မူးယစ်ဆေးဝါးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားရှိရသဖြင့် စားဝတ်နေရေးနှင့် နေထိုင်ရာနေရာများ ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်ဟု ဆိုသည်။

ထို့အပြင် မွန်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲနေမှု မြင့်တက်လျှက်ရှိပြီး အမျိုးသားများသာမက အမျိုးသမီးများပါ သုံးစွဲမှုရှိလာကြောင်းလည်း အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့သည့်  ဆရာမ မိကျလွန်းထောက ပြောသည်။

“ဒီနောက်ပိုင်းမှာ အမျိုးသမီ်းတွေက အရောင်းအဝယ်မှာတင်မကပဲ သုံးစွဲတဲ့နေရာတွေမှာပါ တွေ့လာရတော့ ပိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်၊ ဒီအချိန် ဒီခြေနေမျိုးမှ လူငယ်တွေ မူးယစ်ဆေးဝါးတွေနဲ့ ပျော်မွေ့သင့်တော့ဘူး” ဟု မိကျလွန်းထောက ဆိုသည်။

လက်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ သထုံခရိုင်အတွင်းတွင် မူးယစ်ဆေးဝါးအပြစ်သားများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် မိဘများမှလာရောက်အပ်နှံထားသူ ၁၀၀ နီးပါးရှိကြောင်းလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သည့် မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ၊ စိတ်ဝေဒနာကုသခံနေရသူနှင့် မူးယစ်ဆေးစွဲဖြတ်ရန် မိဘများလာရောက်အပ်နှံထားသဖြင့် ၎င်းတို့အတွက် နေထိုင်မှုနှင့် ကျန်းမာရေးစရိတ်များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း မွန်ပြည်သစ်ပါတီခေါင်းဆောင်များက ပြောဆိုသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...