ကျိုက်နဲရေလယ်ဘုရားမတော်တဆဖြစ်စဥ်တွင် ၄‌ လောင်းထပ်မံတွေ့ရှိသဖြင့် ရေနစ်သေဆုံးသူ ၁၉ ဦးအထိရှိလာ

ကျိုက်နဲရေလယ်ဘုရားမတော်တဆဖြစ်စဥ်တွင် ၄‌ လောင်းထပ်မံတွေ့ရှိသဖြင့် ရေနစ်သေဆုံးသူ ၁၉ ဦးအထိရှိလာ

သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရားဖူးများ မတော်တဆ ဖြစ်စဉ်တွင် အလောင်း ၄ လောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့နံနက်ပိုင်းတွင် ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းရေနစ်သေဆုံးသူ ၁၉ ဦးအထိရှိလာကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

နိုဝင်ဘာလ ၂၁ရက်နေ့ ညပိုင်းအထိ ရေနစ်သူ ၁၅ လောင်းရှာဖွေတွေ့ရှိခဲ့ပြီး ၂၂ရက်နေ့ နံနက်အစောပိုင်းတွင် ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေခဲ့ရာ ရေးမြို့နယ် အစင်ကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ ပဲခူးမှ အသက် ၁၇အရွယ် အမျိုးသမီးတစ်ဦး၊ မြိုင်ကလေးမှ အမျိုးသမီးတစ်ဦးနှင့် မြို့နယ်မသိရသေးသူ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ လောင်း ထပ်မံဆယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ မနက်ကတည်းက ပျောက်နေတဲ့သူတွေကိုရှာဖို့ ပြန်ထွက်ခဲ့တာပါ။ ပထမအလောင်းက မနက်ကတွေ့တာ ဒီနေ့အတွက်ဒုတိယမြောက်အလောင်းကို ပင်လယ်ထဲမှာတွေ့ပြီအခုအဲ့တာကိုယူဖို့ ကျွန်တော်တို့သွားနေတယ်" လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးမှ သိရသည်။

ဘုရားဖူး လာရောက်သူများတွင် ပျောက်ဆုံးနေသူ ၁၀ ဦး လာရောက် စာရင်းပေးထားပြီး နိုဝင်ဘာလ ၂၂ရက်နေ့တွင် အလောင်း၄လောင်းထပ်မံ ဆယ်ယူရရှိသဖြင့် ၆ ဦး ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။

ကိုဗစ်ကြောင့် ၂ နှစ်ရပ်နားထားရသော ကျိုက်နဲရေလယ်ဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပစဥ် နိုဝင်ဘာလ ၂၂ ရက်နေ့က မတော်တဆရေနစ်မှုများကြောင့် လူ ၁၉ ဦးသေဆုံးပြီး ဆက်လက်ပျောက်ဆုံးနေသည့် လူ ၆ ဦးကို ဒေသခံ ပရဟိတအသင်းများက ဆက်လက်ရှာဖွေလျက်ရှိသည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...