ထိုင်းအစိုးရမှ အလုပ်သမားမှတ်ပုံတင်ကဒ် (ပန်းရောင်ကဒ်) လုပ်ပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ ဝင်ရောက်မှုများလာဟုဆို

ထိုင်းအစိုးရမှ အလုပ်သမားမှတ်ပုံတင်ကဒ် (ပန်းရောင်ကဒ်) လုပ်ပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ ဝင်ရောက်မှုများလာဟုဆို

ထိုင်းအစိုးရမှ အလုပ်သမားမှတ်ပုံတင်ကဒ် (ပန်းရောင်ကဒ်) မှတ်ပုံတင်လုပ်ပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ ဝင်ရောက်မှု များလာခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် Siam Hongsar Co., Ltd. ဒါရိုက်တာ ကိုသီဟက ပြောသည်။

အဆိုပါ အလုပ်သမားမှတ်ပုံတင်ကဒ်ဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုင်နိုင်ငံတွင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။

"မြန်မာနိုင်ငံသားတွေ ဘာလို့ လှိမ့်ဝင်လာကြလဲဆိုတော့ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနဘက်ခြမ်းမှာ ၁၂ လပိုင်းအတွင်းမှာ ပန်းရောင်ကဒ် မှတ်ပုံတင်ပေးမယ်။ အလုပ်သမားကဒ်ပေါ့။ အဲဒီအလုပ်သမားကဒ်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်။ ကျွန်တော်တို့  ၂၀၂၁ နိုဝင်ဘာကနေ ၂၀၂၃ ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခွင့် နေထိုင်ခွင့်ပေးတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ နိုင်ငံသားတွေ အောက်လမ်းကနေ အများကြီး ဝင်လာကြတာ ဖြစ်ပါတယ်"ဟု ကိုသီဟက ပြောသည်။

အလုပ်သမား မှတ်ပုံတင်ကဒ် လုပ်ပေးရာတွင် အမည်၊ မွေးသက္ကရဇ် နှင့် ဖခင်အမည်သာ လိုအပ်ပြီး ကျန်သည့်အထောက်အထား မလိုအပ်ကြောင်း ဆက်ပြောသည်။

“ပန်းရောင်ကဒ်အတွက် ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်က work permit ဖိုး ဘတ် ၁၉၀၀ ရှိတယ်။ ကိုဗစ် အာမခံဖိုး ၁၉၉၀ ရှိတယ်။ ပြီးတော့ ကျန်းမာရေး စစ်ဆေးခတွေ ရှိမယ်။ ဒီ ၃ ခုလောက်ပဲရှိမယ်။ ဒါပေမယ့် တကယ်ကုန်ကျစရိတ်ကတော့ ဘတ် ၈၅၀၀ ကနေ ဘတ် ၁၂၀၀၀ထိ ရှိပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

မှတ်ပုံတင် နှင့် နိုင်ငံကူးလက်မှတ်ရှိပါက မိတ္တူသာ ပြရမည် ဖြစ်ပြီး မရှိပါက မည်သည့်အထောက်အထားမှ ပြစရာမလိုကြောင်း ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုမင်းမောင်ဦးက "ဒီပန်းရောင်ကဒ်ကတော့ သူသဘောကတော့ ဒီအလုပ်သမားက နယ်ကျော်သွားလာခွင့်မရှိဘူး။ သူနယ်ထဲမှာပဲ သူနေထိုင် အလုပ်လုပ်သွားလာခွင့်ရှိတယ်။ MOU ကတော့ ကိုဗစ်အကျိုးဆက်ကြောင့် ၂၀၂၀ ၃လပိုင်း နောက်ပိုင်းကနေ ကျွန်တော်တို့ အလုပ်သမားတွေ ဒီထိုင်းကို ပြန်ဝင်လာလို့ မရဘူး။ အဲဒီမှာ ပြန်သွားတဲ့အလုပ်သမားက ပြန်သွားကြတယ်။ ဗီဇာ တံဆိပ်တုံး ထုသွားကြတယ် အများစုကတော့ ပြန်လာလို့ မရဘူး။ ပြန်လာလို့ ရဖို့က ထိုင်းအစိုးရက တရားဝင်မဖွင့်တဲ့အတွက် သူတို့က ခိုးလမ်းကနေ ပြန်ဝင်လာကြတာပေါ့"ဟု ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်လာရောက်လုပ်ကိုင်နိုင်ရန် နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MOU ရွှေ့ပြောင်းလုပ်သားများကို လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ခေါ်ယူတော့မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့ က ကျင်းပခဲ့သည့် အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလိုအပ်ချက် ၄ သိန်းကျော်ရှိကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...